(စီးပွားရေး) ဖေဖော်ဝါရီ ၂၄

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့စားအုန်းဆီ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ယခင် တစ်ပတ်ကထက် ထပ်မံကျဆင်းလာတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၃ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းက ၆,၉၈၅ ကျပ် ဖြစ်ခဲ့ပြီး ယခုတစ်ပတ်တာ ကာလဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၄ မတ်လ ၂ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက ၆,၉၀၅ ကျပ်ဖြစ်တာကြောင့် ၈၀ ကျပ်မျှ ကျဆင်းလာပါတယ်။
ယခုထုတ်ပြန်တဲ့ ဈေးနှုန်းတွေက အုန်းဆီ အဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဥ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခကုန် ကျစရိတ်နဲ့ ဘဏ်စရိတ်၊ အခွန်အခများကို ထည့်သွင်းတွက်ချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews