(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၃

ယူကရိန်းပဋိပက္ခတွင် ရုရှားနိုင်ငံ က မှားယွင်းမှုမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်းသိရသည်။
လက်ရှိဆက်လက်ဖြစ်ပွားနေသည့် ယူကရိန်းလက်နက်ကိုင်ပဋိပက္ခတွင် ရုရှား နိုင်ငံက မှားယွင်းခြင်းမရှိဘဲ ယင်းပဋိပက္ခနှင့်စပ်လျဉ်း၍ ယူကရိန်းသမ္မတ ဇာလန်စကီးနှင့် ယခင်အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒင်တို့ကိုသာ အပြစ်တင်ရမည်ဖြစ်ကြောင်း ထရမ့် က ဖေဖော်ဝါရီလ ၂၁ ရက် တွင် Fox News ရေဒီယိုနှင့် လုပ်ဆောင် သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားသည်။
ထို့ပြင် ဂျိုးဘိုင်ဒင်နှင့် ဇီလန်စကီတို့ သည် မှားယွင်းသည့်အကြောင်းအရာများကိုသာ ပြောဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် စစ်ပွဲကို ရှောင်ရှားနိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် အလွယ်တကူဆွေးနွေးနိုင်ခဲ့သော်လည်း ဆွေးနွေး ခဲ့ခြင်းမရှိကြောင်း ထရမ့်က ဆက်လက်ပြောကြားသည်။
ထိုသို့ ဆွေးနွေးခဲ့မည်ဆိုပါက ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ယူကရိန်းပဋိပက္ခကို စတင်ရန် အကြောင်းရင်းမရှိကြောင်းနှင့် ယူကရိန်းစစ်ပွဲမှာလည်း ဖြစ်လာ စရာအကြောင်းမရှိဟု ထရမ့်က ပြောကြားခဲ့ကြောင်း Tass သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews