၁၆ လတာ ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ နေမာ


(အားကစား) ဖေဖော်ဝါရီ ၂၀

ဘရာဇီးတိုက်စစ်မှူး နေမာ က ပျော်ရွှင်ခြင်းကို ပြန်လည်ရှာတွေ့ဖို့အတွက် ငယ်ဘဝကလပ် ဆန်းတို့စ်အသင်း ၏ အကူအညီက အများကြီးဖြစ်စေခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

နေမာ ဟာ ပြီးခဲ့တဲ့ အဂွါဆန်တာအသင်းနဲ့ပွဲစဉ်မှာ ဆန်းတို့စ်အသင်းအတွက် ဂိုးတစ်ဂိုး သွင်းယူပေးနိုင် ခဲ့ပြီးနောက် ၁၆ လကြာ ဂိုးပေါက် ပျောက်ဆုံးမှုကို အဆုံးသတ် နိုင်ခဲ့ပါတယ်။

ဒါကြောင့် ဘောလုံးပြန် ကစားခွင့် ရတဲ့အတွက် စိတ်ကျေနပ် ပျော်ရွှင်မိသလို တိုးတက်လာတယ်လို့ ခံစားလာရကြောင့် အသက် ၃၃ နှစ်အရွယ် နေမာ က ပြောကြားသွားခဲ့ ပါတယ်။

နေမာ ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်ဟီလယ်အသင်းနဲ့ နှစ်ဖက်သဘောတူလမ်းခွဲခဲ့ ပြီးနောက် ငယ်ဘဝကလပ် ဆန်းတို့စ် အသင်းဆီကို ကာလတိုစာချုပ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN