ပဲခူးမြို့ PREMIER KTV၌ ဝါယာကြိုးအပူလွန်ကဲရာမှမီးလောင်မှုဖြစ်

(မှုခင်း) ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမဘေးရှိ PREMIER KTVတွင် ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ နံနက်(၂)နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဥ်မှာ PREMIER KTVဆိုင်ရှိ VIPအခန်းအတွင်း၌ လျှပ်စစ်မီးမပိတ်ထားရာမှ လျှပ်စစ်မီးပြန်လာစဥ် ဆိုင်ခန်းအတွင်းမီးဆလိုက်သို့ ယာယီသွယ်တန်းထားသော ဝါယာကြိုးအပူလွန်ကဲရာမှတစ်ဆင့် အသံထိန်းနံရံဖော့များနှင့် ဆိုဖာများသို့ မီးကူးစက်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မီးလောင်ရာနေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးတပ်ဖွဲ့ဝင်များ၊ အမှတ်(၃)နယ်မြေရဲစခန်းမှူးဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိဦးစီးတပ်ဖွဲ့ဝင်များသည် မီးငြိမ်းသတ်ယာဥ်(၁)စီး၊ရေသယ်ယာဥ်(၂)စီး စုစုပေါင်း(၃)စီးဖြင့်သွားရောက်ငြိမ်းသတ်ခဲ့ရာ နံနက်၂း၂၀အချိန်၌ မီးညွ့န်ကျိုးခဲ့ပြီး ၂း၄၅အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်စဥ်ကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကာလတန်ဖိုးငွေကျပ်(၅)သိန်းခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး လျှပ်စစ်မီးအားပေါ့လျော့စွာ အသုံးပြုမှုကြောင့် မီးလောင်ကျွမ်းစေခဲ့သူ ဆိုင်မန်နေဂျာအောင်ကိုဝင်းအား အမှတ်(၃)နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းနယ်မြေရဲစခန်းမှသတင်းရရှိသည်။

#PAN #ပဲခူး #KTV #မီးလောင်မှုဖြစ်