ထိုင်းနိုင်ငံကနေ ဝင်ရောက်လာကြတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ် ပါဝင်ခဲ့ကြသူ တရုတ်နိုင်ငံသား (၂၀၀) ထပ်မံလွှဲပြောင်းပေးအပ်

Telegram Join ရန် – http://t.me/positiveanglenews

(မှုခင်း)ဖေဖော်ဝါရီ ၁၉

ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ မြန်မာနိုင်ငံနယ်စပ်ကို ရောက်ရှိလာတဲ့ အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နဲ့ ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ကို ဒီနေ့မနက်ပိုင်းက ထပ်မံလွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံကတဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့ – ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေမှာ တရားမဝင် Online လောင်းကစားမှု၊ Online လိမ်လည်မှုတွေနဲ့ ဒုစရိုက်မှုတွေလုပ်ဆောင်ခဲ့ကြတဲ့ တရုတ်နိုင်ငံသား (၂၀၀) ကို ဒီနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံက တစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုလွှဲပြောင်းပေးအပ်တာဟာ လူသားချင်းစာနာ ထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေကိုရှေးရှုပြီး လွဲပြောင်းပေးအပ်တာဖြစ်တယ်လို့လည်း နစက ကပြောဆိုထားပါတယ်။

ဒီနေ့လွှဲပြောင်းပေးအပ်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေရဲ့ ဖွင့်ဟဝန်ခံချက်တွေအရ အများစုဟာ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုရောက်ရှိလာကြပြီး အဲဒီကတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိကြပြီးမှ အွန်လိုင်းလိမ် လည်မှုလုပ်ငန်း (Telecom . Fraud) ကိုယ်စားလှယ်တွေက ထိုင်း- မြန်မာ နယ်စပ်က သောင်ရင်းမြစ်ကို တရားမဝင်ဖြတ်ကျော် ခေါ်ဆောင်ကာ မြဝတီ- KK Park နယ်မြေ အတွင်းရှိ Online လိမ်လည်မှုတွေ၊ Online လောင်းကစားမှုတွေမှာ ပါဝင်လုပ်ဆောင်ဖို့ စေခိုင်းတာခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ရွှေက္ကိုလ်နယ်မြေအတွင်းမှာ လက်နက်ကိုင်အဖွဲ့ အချို့လှုပ်ရှားနေထိုင်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ အခက်အခဲ၊ ကန့်သတ်ချက်တွေရှိတာကို အခွင့်ကောင်းရယူကာ ကိုယ်ကျိုးစီးပွားရှာသူတွေက Online လောင်းကစားမှုတွေအပါအဝင် ဒုစရိုက်အမှုတွေကို ကျူးလွန်နေကြတာဖြစ်ပြီး Online လိမ်လည်မှုတွေရဲ့ အခြေခံလိုအပ်ချက်တွေကို တစ်ဖက်ထိုင်းနိုင်ငံကတစ်ဆင့် ရယူခဲ့ကြတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအများစုကို ပြည်ပအဖွဲ့အစည်းတွေက လာရောက်ရင်းနှီး မြှုပ်နှံထားတာဖြစ်တယ်လို့ နစက ကသတင်းထုတ်ပြန်ပါတယ်။  

နစက အနေနဲ့ Online Scam Center လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူ တွေနဲ့ နောက်ကွယ်ကကြိုးကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိ ရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ဖို့ ဆောင်ရွက်လျက်နေတဲ့အပြင် အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြတဲ့ နိုင်ငံခြားသားတွေနဲ့ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ဖို့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက် နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် –

#PAN #နစက #KK_part #ရွှေက္ကိုလ် #Onlineလိမ်လည်မှု # Online_Scam_Center