(မှုခင်း) ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး ၊ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊ ၈၆ (ဘီ)လမ်း၊ ၃၀×၃၁ လမ်းကြားရှိ ရတနာရွှေပြည်၊ ရမည်းသင်း-မန္တလေး ကား ဂိတ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့နံနက် ၃ နာရီ ၅၅ မိနစ်အချိန်ခန့်က ဒေါ်မိုးမိုး၊ ၅၃ နှစ်၊ (ဘ)ဦးကိုကို ၏ ၂၄×၃၀၊ ပျဥ်ထောင်၊ နံကပ်နေအိမ်တွင် ငှားရမ်းဖွင့်လှစ်ထားသည့် ဦးရဲသွေး၊ ၄၁ နှစ်၊ (ဘ)ဦးတင်ဝင်း၊ ဂိတ်မှုး၊ “ရတနာရွှေပြည်” ရမည်းသင်း – မန္တလေး ကား ဂိတ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၄ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဒေါ်မိုးမိုး၊ ၅၃ နှစ်၊ (ဘ)ဦးကိုကို၊ ကျောင်းဆရာမ၏ ၂၄×၃၀ ပေ ပျဥ်ထောင်အိမ်အပါဝင် နေအိမ် ၅ လုံးဆုံးရှုံးခဲ့ပြီး ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၅၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီး အဆိုပါမီးလောင်မှုကြောင့် စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၂၇၄၈၀၀၀၀ ကျပ်ခန့်ဆုံးရှုံးခဲ့ရကြောင်း၊ မီးပေါ့ဆစွာမီးသုံးစွဲသူ ဂိတ်မှုး ဦးရဲသွေးအား အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews