
(နိုင်ငံတကာ) ဇွန် ၅
၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ပြိုင်ပွဲကြီး စတင်ရန် ရက်ပိုင်းမျှသာ လိုတော့သည့်အချိန်တွင် တစ်ကမ္ဘာလုံးရှိ ဘောလုံးဝါသနာရှင်များအကြား စိတ်လှုပ်ရှားမှုများ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ယခုနှစ်ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲသည် ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ၉၆ နှစ်တာကာလအတွင်း သက်တမ်းအရှည်ကြာဆုံး၊ အသင်းအရေ အတွက်အများဆုံးနှင့် အကြီးမားဆုံးသော ပြိုင်ပွဲအဖြစ် မှတ် တမ်းဝင်တော့မည်ဖြစ် သည်။
၁၉၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားစတင်ကတည်းက (ဂျပန်နှင့် တောင်ကိုရီးယား ပူးတွဲကျင်းပခဲ့သည့် ၂၀၀၂ ခုနှစ်မှလွဲ၍) အိမ်ရှင်တစ်နိုင်ငံတည်းကသာ ကျင်းပခဲ့သော်လည်း၊ ယခုနှစ်တွင်မူ ကမ္ဘာ့ဖလားသမိုင်း၌ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနှင့် ကနေဒါ စသည့် နိုင်ငံသုံးနိုင်ငံတွင် ပူးတွဲကျင်းပသွားမည်ဖြစ်သည်။
မြောက်အမေရိကတိုက်တစ်ဝှမ်းရှိ မြို့ကြီး ၁၆ မြို့မှ ကွင်းပေါင်း ၁၆ ကွင်းတွင် ၃၉ ရက်တာကာလအတွင်း စုစုပေါင်း အကြိတ်အနယ်ပွဲစဉ် ၁၀၄ ပွဲအထိ ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲအရှိန်အဟုန်မှာ ယခင်နှစ်များထက် ပိုမိုမြင့်မားမည်ဖြစ်သည်။
ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းအရေ အတွက်ကို ၄၈ သင်းအထိ Diverse ဖြစ်အောင် တိုးချဲ့လိုက်သည့်အတွက် ဥရောပ(UEFA)မှ ၁၆ နေရာ၊ အာဖရိက (CAF) မှ ၉ နေရာနှင့် အာရှ(AFC)မှ ၈ နေရာအသီးသီး ရရှိခဲ့ကြသည်။ အသင်းများ ပြားလာမှုကြောင့် ကမ္ဘာ့ဖလားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်ကျော်ဖြတ်လာသည့် အသင်းများသည် “၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ် (Round of 32)” ကို ထပ်မံရင်ဆိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် ယခုနှစ် ချန်ပီယံဖြစ်မည့်အသင်းသည် ဗိုလ် လုပွဲအထိ စုစုပေါင်း ၈ ပွဲအထိ ကစားရမည်ဖြစ်ရာ၊ လွန်ခဲ့သော ၄ နှစ်က ကာတာကမ္ဘာ့ဖလားတွင် အာဂျင်တီးနားအသင်း ကစားခဲ့ရသည့် ၇ ပွဲထက် ၁ ပွဲ ပိုမိုကစားရမည် ဖြစ်သည်။
ယခုနှစ် ကမ္ဘာ့ဖလားသည် မြောက်အမေရိကအငွေ့ အသက် အပြည့်အဝပါဝင်နေပြီး၊ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန် NFL Super Bowl ပြိုင်ပွဲများကဲ့သို့ ဗိုလ်လုပွဲတွင် “ပွဲတစ်ဝက်အနား ဖျော်ဖြေပွဲ (Half-time show)” ကို ခမ်းနားစွာ ထည့်သွင်းသွားမည်ဖြစ် သည်။
ဇူလိုင် ၁၉ ရက်တွင် နယူးယောက်မြို့ မက်လိုက်ဖ် (MetLife) ကွင်း၌ ကျင်းပမည့် ဗိုလ်လုပွဲတွင် ကမ္ဘာကျော် ကေပေါ့ပ်စူပါအဖွဲ့ BTS၊ ပေါ့ပ်ဘုရင်မ မက်ဒေါနား (Madonna)နှင့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira)တို့က ပူးတွဲဖျော်ဖြေကြမည်ဖြစ်ပြီး၊ ဗြိတိန်ရော့ခ်အဖွဲ့ Coldplay မှ ခရစ်မာတင် (Chris Martin)က စီစဉ်သူအဖြစ် ဆောင်ရွက်ကာ ၁၁ မိနစ်စာ ကမ္ဘာ့အဆင့်မီ ဖျော်ဖြေပွဲကြီးကို တင်ဆက်သွားမည်ဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN