(ပြည်တွင်း) ဖေဖော်ဝါရီ ၁၈

ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တွင် နယ်မြေရှင်းလင်းနေသော လုံခြုံရေးအဖွဲ့များ ညောင်ရင်းကျေးရွာသို့ ရောက်ရှိရှင်းလင်းစဉ် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲမှ အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ မောင်းပြန်သေနတ် ၂ လက်၊ ကျည်အိမ် ၇ ခု၊ ၅.၅၆ မမကျည် ၂၀၀ တောင့်၊ စကားပြောစက် ၃ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ဘတ္ထရီ ၂ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။
အလားတူ ယင်းနေ့ ညနေ ၄ နာရီအချိန်ခန့်တွင်လည်း တမူးမြို့နယ်၊ မင်းသာကျေးရွာအနီး နယ်မြေရှင်းလင်းနေသော လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ Type-81 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ Type-81 ကျည် ၁၂ တောင့်တို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews