ထိုင်းက ဖမ်း၀ရမ်းထုတ်ရအောင် ထိုင်းအပေါ်ဘာပစ်မှုလုပ်ထားလို့လဲလို့ ဗိုလ်မှူးကြီးစောချစ်သူမေးခွန်းထုတ်


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၈

မိမိအားဖမ်းဝရမ်းထုတ်သည့်ကိစ္စနဲ့ပတ်သက်လို့ မိမိအနေနဲ့ထိုင်းနိုင်ငံအပေါ်ဘာအပြစ်တွေလုပ်ထားခဲ့လို့လဲ။ ထိုင်းနိုင်ငံကို ဘာတွေပုန်ကန်ခဲ့လို့လည်းဆိုပြီး ထိုင်းနိုင်ငံက BGF ထိပ်ပိုင်းခေါင်းဆောင်တွေကိုဖမ်းရန်းထုတ်မယ့် လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးစောချစ်သူက ပြန်လည်မေးခွန်းထုတ်လိုက်ပါတယ်။

မြဝတီမြို့ အမှတ် ၄ ရပ်ကွက်က BGF အထူးလုံခြုံရေး ရှေ့တန်းစခန်းနဲ့ စည်းကမ်းထိန်းသိမ်းရေးရုံးပြုလုပ်ထားတဲ့ အောင်ဇဗ္ဗူလင်းဟော်တယ်ခမ်းမမှာ ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၁နာရီခွဲအချိန်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနဲ့ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောဆိုလိုက်တာဖြစ်ပါတယ်။

မြဝတီအခြေစိုက်သတင်းမီဒီယာတွေ ထိုင်းနိုင်ငံကသတင်းမီဒီယာတွေနဲ့တွေ့ဆုံ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပြီး မိမိမှာဘာအပြစ်မှ လုပ်ထားတာမရှိပဲ ထိုင်းနိုင်ငံအတိုက်အခံပါတီအမတ်ရဲ့ တစ်ဖက်သတ်စွပ်စွဲမှုသာဖြစ်တယ်လို့လည်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

BGF အနေနဲ့ တရားဝင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ ဟိုတယ်လုပ်ငန်းတွေကိုသာဆောင်ရွက်ခဲ့ပြီး ကျားဖြန့်လိမ်လည်မှုကို လုပ်ကိုင်ခဲ့တာ မရှိခဲ့ဘူးလို့လည်း ဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။

မလိုသူတွေလက်ညှိုးထိုးပုံချခဲ့တာကိုခံခဲ့ရတာဖြစ်ပြီး ယခုအခါ အဆိုပါ ကျားဖြန့်လုပ်ငန်းနဲ့ ဒုစရိုက်လုပ်ကိုင်နေသူတွေကို ဖမ်းဆီးနေပြီး ဖမ်းဆီးထားသူတွေကိုလည်း ထိုင်းနိုင်ငံကို စနစ်တကျပြန်လည်လွှဲပြောင်းပေးမှာဖြစ်တယ်လို့လည်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN