(အားကစား) ဖေဖော်ဝါရီ ၁၇

နယူးကာဆယ်အသင်းနှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ တိုက်စစ်မှူး ဟာလန်း ကို ရီးယဲလ်အသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ရန် မျှော်လင့်ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က ပြောကြားခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ဟာလန်း ဟာ မန်စီးတီးအသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခွင့်ရရှိခဲ့တာ ဖြစ်ပြီး ပွဲချိန် ၈၇ မိနစ်မှာ ယာဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှုပြုလုပ်ပြီးနောက် လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
ဟာလန် ဟာ လူစားလဲရန်ထွက်ခွာစဉ် လမ်းလျှောက်သွားနိုင်ပြီး ပွဲပြီးဆုံးချိန်အထိ အရန်ခုံပေါ်မှ ထိုင်ကြည့်နေခဲ့တာကြောင့် ရီးရဲလ်အသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း နည်းပြ ဖြစ်သူ ဂွါဒီယိုလာ က ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews