(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၆

ရုရှားသမ္မတ ပူတင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့၏ ထိပ်သီးဆွေးနွေးပွဲအား ဆော်ဒီအာရေဗျ နိုင်ငံ၌ ကျင်းပမည်ဆိုပါက လက်ခံကြိုဆိုကြောင်း ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။
အမေရိကန်သမ္မတနှင့် ရုရှားသမ္မတတို့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဖုန်းခေါ်ဆိုဆွေးနွေးမှု ပြုလုပ်ခဲ့ ပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုပါကြေညာချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၁၂ ရက် ဖုန်းခေါ်ဆိုဆွေးနွေးပွဲတွင် မကြာမီကာလအတွင်း လူချင်းတွေ့ဆုံဆွေးနွေးရန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် သမ္မတ ပူတင် တို့က သဘောတူခဲ့ကြသည်။
သမ္မတ ပူတင် နှင့် သမ္မတ ဒေါ်နယ်ထရမ့် တို့၏ ထိပ်သီးဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် လအနည်းငယ်မျှ အချိန်ယူရနိုင်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောကြားထားသည်။
ယင်းအပြင် ရုရှားသမ္မတ ပူတင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့၏ ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပနိုင်ဖွယ်ရှိကြောင်း ဒီမီထရီပက်စကော့ဗ် က ပြောကြားထားသည်။
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့်ရော ရုရှားသမ္မတ ပူတင် နှင့်ပါ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးကောင်းမွန်သူဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews