(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ဧပြီလမှစတင်၍ မော်တော်ကားတင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှုပြုလုပ်ရန် စဉ်းစားနေသည်ဟုသိရသည်။
ထရမ့် သည် ဖေဖော်ဝါရီလ ၁၄ ရက်က အိမ်ဖြူတော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် အဆိုပါအစီအစဉ်ကို ကြေညာခဲ့သည်။
အခွန်စည်းကြပ်မှုပြုလုပ်မည့် နှုန်းထားနှင့်မည်သည့်နိုင်ငံကို ပစ်မှတ်ထား၍ အခွန်စည်းကြပ်မှုပြုလုပ်မည်ဟူသော အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမရှိခဲ့ပေ။
သို့သော် ပြည်ပမှ တင်သွင်းသည့်ကားများကို အခွန်စည်းကြပ်မှု ပြုလုပ်ကောင်းပြုလုပ်နိုင်သည်ဟု ထရမ့် က ထပ်ခါတလဲလဲ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒါ့အပြင် မော်တော်ကားတင်သွင်းမှု၏ နိမ့်ကျသောဈေးနှုန်းများသည် အမေရိကန်၏ ကားလုပ်ငန်းကို ထိခိုက်စေသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဧပြီလအတွင်းမှစတင်၍ ယင်းအစီအစဉ်စတင်နိုင်ကြောင်း ထရမ့် က ပြောကြားခဲ့သည်။ အကယ်၍ နိုင်ငံအားလုံးအပေါ် မော်တော်ကားအခွန်စည်းကြပ်မည်ဆိုပါက အမေရိကန်သို့တင်ပို့နေသည့် ဂျပန်နိုင်ငံအတွက် ထိခိုက်မှုများရှိမည်ဖြစ်သည်။
ဂျပန်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်သို့ မော်တော်ကား ၁ ဒသမ ၄၈ သန်းတင်ပို့ခဲ့သည်ဟု ဂျပန်မော်တော်ကားထုတ်လုပ်ရေးအသင်းက ပြောသည်။
Telegram»…
https://t.me/positiveanglenews