(အားကစား) ဖေဖော်ဝါရီလ ၁၆

ကမ္ဘာ့ဟဲဗီးဝိတ်တန်းရဲ့ ပြိုင်ဘက်ကင်းချန်ပီယံဖြစ်လာတဲ့ ယူကရိန်းလက်ဝှေ့သမား အူဆက်ခ် က စိန်ခေါ်ပွဲ နှစ်ပွဲ ယှဉ်ပြိုင်ပြီးပါက လက်ဝှေ့လောကမှ အပြီးတိုင်အနားယူတော့ မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အူဆက်ခ် ဟာ ပထမစိန်ခေါ်ပွဲအဖြစ် IBF ကမ္ဘာ့ဟဲဗီးဝိတ်တန်းချန်ပီယံ စိန်ခေါ်ပွဲအဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ဗြိတိန်လက်ဝှေ့သမား ဒူဘွိုက်စ် နဲ့ နယူးဇီလန် လက်ဝှေ့သမား ဂျိုးဆက်ပါကား တို့ပွဲစဉ်မှ အနိုင်ရရှိသူနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အူဆက်ခ် အနေနဲ့ ပြိုင်ဘက်ကင်းချန်ပီယံဆုအား ပိုင်ဆိုင်ခဲ့ပြီးနောက် IBF ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံ ခါးပတ် ကာကွယ်ပွဲစဉ်အဖြစ် ဒူဘွိုက်စ် နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်သော်လည်း တိုင်ဆန်ဖျူရီ နဲ့ မကျေပွဲယှဉ်ပြိုင်လို တာကြောင့် IBF ကမ္ဘာ့ချန်ပီယံခါးပတ်ကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။
IBF ကမ္ဘာ့ချန်ပီယံခါးပတ်အား ပြန်လည်ဆွတ်ခူးနိုင်ပါက ပြိုင်ဘက်ကင်းချန်ပီယံဆုကို ပြန်လည်ရရှိမှာဖြစ်လို့ ဒူဘွိုက်စ် နဲ့ ဂျိုးဆက်ပါကား တို့ပွဲစဉ်မှ အနိုင်ရရှိသူနဲ့ ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါစိန်ခေါ်ပွဲကို ယှဉ်ပြိုင်ပြီးပါက ကစားသမားဘဝ နောက်ဆုံးစိန်ခေါ်ပွဲအတွက် ပြိုင်ဘက်ကို မစဉ်းစားရသေးကြောင်း ပြောကြားခဲ့ ပါတယ်။
Telegram»…
https://t.me/positiveanglenews