နေပြည်တော်လေဆိပ်ကိုပစ်ခတ်တဲ့ရှော့တိုက်ဒုံး ပဲခင်းထဲကျလို့ ပဲပင် ၁ ပင်ခန့် ပျက်စီး

(ပြည်တွင်း)ဖေဖော်ဝါရီ ၁၆

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊  ရေကာအုပ်စု၊ ဗွက်ကြီးရိုးတဲစုအနီးရှိ ပဲစိုက်ခင်း၌ ယနေ့ ‌ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက် ၇နာရီ ၂၀ မိနစ် အချိန်ခန့်တွင် ရှော့တိုက်ဒုံးတစ်လုံးကျရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှော့တိုက်ဒုံးမှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှနေ၍ ဧလာလေဆိပ်ကို ဦးတည်ပစ်ခတ်သည်ဟုယူဆရပြီး ရှော့တိုက်ဒုံး ၂ လုံးအနက် တစ်လုံးသည် စစ်တောင်းမြစ်အတွင်းသို့ကျရောက်ခဲ့ပြီး တစ်လုံးမှာ ကမ်ဘဲ့ရှမ်းရွာအရှေ့ဘက်ရှိ ပဲခင်းအတွင်းကျရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေဆိပ်ကိုပစ်ခတ်သည့် ရှော့တိုက်ဒုံးမှာ ကမ်ဘဲ့ရှမ်းရွာအရှေ့ဘက် တောင်သူ ဦး— ၏ ပဲခင်းအတွင်းကျရောက်ခဲ့သည့်အတွက် ပဲပင် ၁ ပင်ခန့် ပျက်စီးသွားသည်ဟု သိရပြီး ယခင်က အလားတူပစ်ခတ်မှုရှိခဲ့သော်လည်း လေဆိပ်ကိုကျော်ကျခဲ့ဖူးကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ တာဝန်ရှိသူများလာရောက်ကြည့်ရှု့ခဲ့ပြီး ရှော့တိုက်ဒုံးမှာ တရုတ်နိုင်ငံလုပ် LOD 0011 G အမျိုးအစားဖြစ်ကြောင်း  ပေါက်ကွဲမှု့မရှိကြောင်း သိရသည်။

#PAN #PDF #ရှော့တိုက်ဒုံး #နေပြည်တော်လေဆိပ်