ထိုင်းနိုင်ငံ၏ ယခုနှစ်စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ကမ္ဘာ့အဆင့် ပြန်လည်ပြင်ဆင်သတ်မှတ်

(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၆

ထိုင်းနိုင်ငံ၏ ယခုနှစ်စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ ၂ ဒသမ ၉ ရာခိုင်နှုန်းထိ ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့စီးပွားရေးမျှော်မှန်းချက်အစီရင်ခံစာ၌ ပြင်ဆင်ဖော်ပြထားကြောင်း သိရသည်။

 ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင်မူ ထိုင်းနိုင်ငံ၏ ၂၀၂၅ ခုနှစ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ၃ ဒသမ သုည ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားခဲ့သည်။

ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ ၂၀၂၅ ခုနှစ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းအတွက် အဓိကတွန်းအားအဖြစ် ဆက်လက်ရှိနေနိုင်ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာ၌ ဖော်ပြထားသည်။

 သို့ရာတွင် ထိုင်းနိုင်ငံ၏ ၂၀၂၅ ခုနှစ် ပို့ကုန်ကဏ္ဍမှာမူ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံကဲ့သို့ အဓိကကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများ၏ ဝယ်လိုအား အနည်းငယ်အားပျော့လာမှုကြောင့် အထိုက်အလျောက်သာ အားကောင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထား သည်။

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာမူ ယခုနှစ်လယ်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကပ်ဘေးမတိုင်မီ ကာလအဆင့်သို့ ပြန်လည်ရောက်ရှိလာပြီး တစ်နှစ်လုံးတွင် ပြည်ပခရီးသည် ၄၁ သန်းအထိ ဝင်ရောက်နိုင်ကြောင်း သိရသည်။

#PAN