(စီးပွားရေး) ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးကြင်းပိဿာချိန် ၇၅,၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ပစ္စည်းရောင်းဝယ်ရေးပွဲရုံများမှ သိရပါတယ်။

ကျိုက်လတ်မြို့နယ်မှာ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ငါးကြင်းပိဿာချိန် ၅၇,၀၀၀ အထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ရန်ကုန်ဈေးကွက်မှ ဝယ်လိုအားကောင်းမွန်လာခြင်းကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အတွင်း ငါးကြင်းပိဿာချိန် ၇၅,၀၀၀ အထိ ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ကျိုက်လတ်မြို့နယ်မှထွက်ရှိသော ရေထွက်ကုန်များကို ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင် များက ဝယ်ယူကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ငါးကြင်း တစ်ပိဿာလျှင် ငွေကျပ် ၁၇,၅၀၀ အထိ ရရှိနေကာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် အခြားဒေသများသို့ ဆက်လက်တင်ပို့ ရောင်းချနေကြောင်း သိရပါတယ်။
#PAN #ကျိုက်လတ် #ငါးဈေးကွက်