အင်းတော်မြို့နယ်၊ တုံးပုံရွာအား တပ်မတော်မှ သိမ်းပိုက်ရရှိ


(စီးပွားရေး) ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ တုံးပုံရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသောတပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် KIA/PDF များ ယမန်နေ့ နေ့လည်ပိုင်းအချိန်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် အင်းတော်မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ တုံးပုံရွာအနီးတွင် အကြမ်းဖက် KIA/PDF ၇၀ ဦးခန့်ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တုံးပုံရွာအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် တပ်မတော်စစ်ဘက်မှစစ်သည် ၁ ဦးကျဆုံးခဲ့ပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကာ၊ အကြမ်းဖက် KIA/PDF ၃ လောင်း၊ လက်နက်မျိုးစုံ ၉ လက်၊ ၄၀ မမလောင်ချာ ၁ လက်၊ စက်လတ် ၁ လက်၊ MA-2 ၁ လက်၊ Type-81 ၆ လက်၊ ကျည်အိမ် ၂၅ ခု၊ ကျည် ၄၀၀၀ ကျော်၊ ကျည်ခါးပတ်တွဲ ၃ ခု၊ RPG ဗုံးသီး ၆ လုံး၊ ပိုကျည် ၁၂ တောင့်၊ အီနာဂါ ၃ လုံး၊ ရှေ့ထွက်မိုင်း ၃ လုံး၊ လက်ပစ်ဗုံး ၄၈ လုံး၊ အိုင်ကွန် ၂ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN