တရုတ်ကို ကုန်သွယ်မှုအခွန် စည်းကြပ်ပြီးနောက် အမေရိကန် စာတိုက်ဝန်ဆောင်မှုက တရုတ်ပါဆယ်ထုပ်များကို ရပ်ဆိုင်း


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၅

တရုတ်ကို ကုန်သွယ်မှုအခွန် စည်းကြပ်ပြီးနောက် အမေရိကန် စာတိုက်ဝန်ဆောင်မှုက တရုတ်ပါဆယ်ထုပ်များကို လက်ခံရန် ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။

အမေရိကန်စာတိုက်ဝန်ဆောင်မှုလုပ်ငန်းသည် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်မှ ပေးပို့သော ပါဆယ်ထုပ်များကို လက်မခံတော့ကြောင်းသိရသည်။

ပါဆယ်ထုပ်များ ဆိုင်းငံထားသော်လည်း စာပို့ခြင်းကို ထိခိုက်မည်မဟုတ်ကြောင်း ပါဆယ်ထုတ်လက်မခံခြင်းနှင့်ပတ်သက်ပြီး အကြောင်းပြချက်ပေးရန် ငြင်းဆိုထားကြောင်းသိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ၎င်း၏ကုန်သွယ်ရေးကြေငြာချက်တွင် Trump သည် ဖက်ရှင်ပစ္စည်းများနှင့် အရုပ်များအပါအဝင် အမေရိကန်သို့တင်သွင်းသည့် တရုတ်ကုန်ပစ္စည်းအားလုံးကို အခွန်တိုးမြှင့်ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN