(ပြည်တွင်း) ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံသားအဖြစ်ကနေ စင်္ကာပူနိုင်ငံသားအဖြစ်ကို မိမိသဘောဆန္ဒအလျောက် ကူးပြောင်းထားသူများ စာရင်းကို မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးက ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
အဆိုပါထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသားအဖြစ်ကနေ စင်္ကာပူနိုင်ငံသားအဖြစ်ကူးပြောင်းပြီး မြန်မာသံရုံးမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်အပ်နှံခဲ့သူက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ၂၇၈ ဦးအထိရှိနေတာ တွေ့ရပါတယ်။
အခုလို နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်အပ်နှံထားသူတွေအနေနဲ့ သံရုံးရဲ့ထောက်ခံစာကို ဖေဖော်ဝါရီလ ၂၈ ရက်မတိုင်ခင် မြန်မာသံရုံးသို့ လူကိုယ်တိုင်လာရောက်ထုတ်ယူရမှာ ဖြစ်သလို မြန်မာနိုင်ငံကူး လက်မှတ်မူရင်းနဲ့ Processing Letterတွေကိုတစ်ပါတည်း အပ်နှံရမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
Telegram»…
https://t.me/positiveanglenews