၁၂ ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်ရာမှ ယာဉ်နောက်လိုက်အမျိုသားတစ်ဦး သေဆုံး


(မှုခင်း) ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း မိုင်တိုင် (၂၆) မိုင်တိုင်တွင် ယမန်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်က ပြောင်းဆံတင်ဆောင်လာသည့် ၁၂ ဘီးယာဉ် တစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးသို့တိမ်းမှောက်ရာမှ ယာဉ်နောက်လိုက်အမျိုသား တစ်ဦး သေဆုံးသွာခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် သာစည်မြို့နယ်၊ မန်ကျည်းကုန်းကျေးရွာတွင် နေထိုင်သူ အသက် ၅၈ နှစ်အရွယ် ဦးခင်မောင်ဆွေမှာ ညာဘက်ဦးခေါင်းသွေးထွက်ဒဏ်ရာနှင့် ဘယ်ဘက် ခြေထောက်တွင် ပြတ်ရှဒဏ်ရာတို့ဖြင့် သေဆုံးသွားကြောင်း၊ ရုပ်အလောင်းကို ရွှေမြင်သာလူမှုကူညီရေး အသင်းမှ အသင်းယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်နေရာသို့ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များ၊ ရတနာပုံမြို့သစ်နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်မှ တာဝန်ရှိသူများနှင့်အတူ ရှာဖွေကယ်ဆယ်ရာ ည ၆ နာရီ ၁၀ မိနစ်အချိန်တွင် ယာဉ်ထဲတွင် ညပ်ပြီးသေဆုံးနေသည့်ရုပ်အလောင်းကို ထုတ်ယူနိုင်ခဲ့ပြီး၊ ယာဉ်မောင်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာမရရှိကြောင်း၊ ၎င်းကို ပြင်ဦးလွင်မြို့ရှိ ပြင်စာနယ်မြေရဲစခန်းမှ ယာဉ်(ပ)(၃/၂၀၂၅) ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၀၄-က/၃၃၈)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN