ချမ်းမြသာစည်မြို့နယ်တွင် အကြမ်းဖက် PDF ၃ ဦးနှင့် လက်နက်များ ဖမ်းဆီးရမိ


(ပြည်တွင်း) ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်အတွင်းမှ အကြမ်းဖက် PDF ၃ ဦးနှင့် လက်နက်များ ဖမ်းဆီးရမိကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သက်သေများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃ လမ်း၊ ၄၈×၄၉ လမ်းကြားရှိ နန်းဝင်းစိုး ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နန်းဝင်းစိုး၊ ၃၈ နှစ်၊ (ဘ)ဦးစိုး၊ ကြေးသွန်းလုပ်ငန်းလုပ်ကိုင်သူနှင့် မင်းခန့် (ခ)ဂူးဂူး၊ ၂၀ နှစ်၊ (ဘ)ဦးဝေညွန့်၊ သူတို့ ၂ ဦးအား တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ နေထိုင်သော နေအိမ်အတွင်းမှ ၉ မမကျည် ၁ တောင့်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျည်နှင့်ပတ်သက်၍ နန်းဝင်းစိုးအား စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးနှင့် ပစ္စတိုသေနတ်များအား တစ်ရပ်ကွက်တည်းနေထိုင်သူ အောင်အောင်(ခ)အောင်လေး ၏ နေအိမ်တွင် သိမ်း ဆည်းထားရှိကြောင်း သိရှိရသဖြင့် ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃ လမ်း၊ ၄၇×၄၈ လမ်းကြားရှိ အောင်အောင်(ခ)အောင်လေး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အောင်အောင်(ခ)အောင်လေး၊ ၃၆ နှစ်၊(ဘ)ဦးတင်မောင်မြင့်ထွန်း၊ ဆင်းတုတော်လုပ်ငန်းလုပ်ကိုင်သူအား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေ အိမ်အတွင်းမှ MG-1 ပလပ်စတစ် လက်ပစ်ဗုံး ၁၁ လုံး၊ 91 လက်ပစ်ဗုံး ၁ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ပစ္စတို ၄ လက်၊ LUGER ကျည် ၁၇ တောင့်တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် နန်းဝင်းစိုးအား ဆက်လက်စစ်ဆေးခဲ့ရာ မြိုင်မြို့နယ်နေထိုင်သူ အောင်ခန့်နှင့်အတူ သေဆုံးသူ ရာအိမ်မှုး ဦးဝင်းဦးနှင့် ဒဏ်ရာရရှိသူ သူရိန်ဝင်း(ခ)ပြည်ကြီးတို့ ၂ ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စစ်သိရှိရပြီး ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN