(ပြည်တွင်း) ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်တွင်းအလုပ်သမား ၁,၀၁၆ ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုကို ဇန်နဝါရီလ ၂၈ ရက်နံနက်ပိုင်းကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးမှ ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါလုပ်ငန်း ၃ ခုရဲ့ မတည်ငွေရင်းပမာဏမှာ ငွေကျပ် ၈၀၀ သန်း၊ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၃၁ သန်း ဖြစ်တယ်လို့ သိရပြီး ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂ ခုတို့ဖြစ်တယ်လို့ သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုများမှ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ အဆင်သင့်ဖျော်စပ်ပြီးသော ကွန်ကရစ်များရောင်းချတဲ့ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းနှင့် CMP စနစ်နဲ့ အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းတို့ကိုဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews