မြန်မာ့လက်ဖက်ကို ယူနက်စကိုစာရင်းဝင်ရန် တင်သွင်းမည်


(ပြည်တွင်း) ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ဒြပ်မဲ့စာရင်းအဖြစ် သတ်မှတ်ထားတဲ့ အမွေအနှစ်ပေါင်း များစွာရှိတဲ့အထဲက မြန်မာ့လက်ဖက်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် လာမယ့်နှစ်မှာ တင်သွင်းသွားမယ်လို့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရပါတယ်။

ယူနက်စကိုစာရင်းဝင်ရန် တင်သွင်းရခြင်းမှာ မြန်မာနိုင်ငံရဲ့တတိယမြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ် တင်သွင်းမှာဖြစ်ပြီး ပထမဆုံးတင်သွင်းခဲ့တဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရသလို ဒုတိယမြေက် အဖြစ် မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်တဲ့ဓလေ့ကို ယခုနှစ်မတ်လမှာ တင်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ယူနက်စကို စာရင်းဝင်ဒေသတွေအဖြစ် ပျူမြို့ပြနိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိသာနိုးမြို့ဟောင်းနေရာတွေကို ပြီးခဲ့တဲ့ ၂၁၀၄ ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး ပုဂံဒေသကို ပြီးခဲ့တဲ့၂၀၁၉ ခုနှစ်မှာ ယူနက်စကို စာရင်းဝင်ဒေသတွေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် မတ်လအထိ စာရင်းအရ မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ဒြပ်မဲ့စာရင်းအဖြစ် သတ်မှတ်ထားတဲ့ အမွေအနှစ်ပေါင်းနှစ်ထောင်ကျော်ရှိနေပြီး အဲဒီထဲက ယဉ်ကျေးမှုအမွေအနှစ်တွေကို ယူနက်စကိုဝင်နိုင်ဖို့ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေက တစ်နှစ်မှာ တစ်ခုစီသာ တင်သွင်းသွားမယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN