(မှုခင်း) ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု၊ ဟတ်စဒင်းကျေးရွာ ရာအိမ်မှူးအား အကြမ်းဖက် PDF ၁ ဦးမှ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ဟတ်စဒင်းကျေးရွာ ရာအိမ်မှူး ဦးမြင့်ဆွေ သည် ဈေးဝယ်၍အပြန် ဟတ်စဒင်းနှင့် ချန်းဖန်းကျေးရွာကြား လမ်းဘေးဆီအုန်းတော၌ အမည်မသိသေနတ်သမားမှ ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းနောက်ပွင့်ဒဏ်ရာဖြင့် သေဆုံးလျက်ရှိကြောင်း သိရသည်။
သေဆုံးသူ ဦးမြင့်ဆွေ၏ အလောင်းအား ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံသို့ သယ်ယူနိုင်ရေးစီစဥ်လျက်ရှိကြောင်း ကနဦး သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews