(နိုင်ငံတကာ) ဇန်နဝါရီ ၂၇

ဟားမတ်စ်နှင့် အစ္စရေးတို့၏ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရသော ပါလက်စတိုင်းလူမျိုး ထောင်နှင့်ချီ ဂါဇာကမ်းနေမြောင်ဒေသသို့ ပြန်လည်ဝင်ရောက်လာကြောင်းသိရသည်။

နှစ်ဘက်အပစ်အခတ်ရပ်စဲရေး ကြေညာမှုကြောင့် ထောင်ပေါင်းများစွာသော ဒေသခံလူအုပ်ကြီးသည် ၅ မိုင်ခန့် ရှည်လျားသည့် လူတန်းကြီးဖြစ်ပေါ်ကာ ဂါဇာမြောက်ခြမ်းသို့ တရွေ့ရွေ့ဝင်ရောက်လျက်ရှိသည်။

ထောင်နှင့်ချီသည့် ဒေသခံများ ပြန်လည်ဝင်ရောက်လာသော်လည်း အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပြန်မြင်ရရန် မလွယ်ကူကြောင်း ဒေသတွင်း မီဒီယာများမှဖော်ပြသည်။
Telegram»…
https://t.me/positiveanglenews