မန္တလေး- ချင်းမိုင် ခရီးစဉ်အသစ် MAI ပြေးဆွဲမည်


(ပြည်တွင်း) ဇန်နဝါရီ ၂၇

မန္တလေးမြို့မှ ချင်းမိုင်မြို့အကြား ခရီးသွားလာမှု ပိုမိုလွယ်ကူအဆင်ပြေစေရန်အတွက် Myanmar Airways International (MAI)မှ မန္တလေး- ချင်းမိုင် ခရီးစဉ်အသစ်အား စတင်ပြေးဆွဲပေးမယ်လို့ ကြေညာထားပါတယ်။

အဆိုပါ ခရီးစဉ်ကို လာမယ့် ဖေဖော်ဝါရီလ ၁၀ ရက်မှ စတင်ကာ အပတ်စဉ် တနင်္လာနှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် ၂ ကြိမ် ပြေးဆွဲပေးမယ်လို့လည်း သိရပါတယ်။

MAI လေကြောင်းလိုင်းသည် ပြည်ပ ခရီးစဉ်များအနေဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ် နှင့် ဒွန်မောင်းလေဆိပ်သို့ တိုက်ရိုက် ခရီးစဉ်များကို ပုံမှန်အတိုင်း ပျံသန်းပြေးဆွဲလျက်ရှိနေတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN