ဗဟိုဘဏ်ငွေလဲနှုန်းဖြင့် အခွန်ပြန်စည်းကြပ်မည်


(ပြည်တွင်း) ဇန်နဝါရီ ၂၇

ပို့ကုန်သွင်းကုန်ပစ္စည်းတွေအပေါ် ဗဟိုဘဏ်ကနေ့စဉ်ထုတ်ပြန်တဲ့ ဈေးကွက်ငွေလဲနှုန်းကို အခြေခံတဲ့ အပတ်စဉ်နိုင်ငံခြားငွေလဲနှုန်းထားနဲ့ အခွန်စည်းကြပ်ကောက်ခံခဲ့ရာကနေ ဇန်နဝါရီလ ၂၅ ရက်ကစပြီး ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းကိုအခြေခံတဲ့ အပတ်စဉ်နိုင်ငံခြားငွေလဲနှုန်းနဲ့ ပြန်လည်ပြောင်းလဲကာ အခွန်စည်းကြပ် ကောက်ခံနေတယ်လို့ အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်တဲ့ ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာ ၂၁၀၀ နဲ့ ပို့ကုန်သွင်းကုန်ပစ္စည်းတွေအပေါ် အခွန်စည်းကြပ်ကောက်ခံနေရာကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လ ၁ ရက်ကစပြီး ဈေးကွက်ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်းကျင် နဲ့ပြောင်းလဲအခွန်စည်းကြပ် ကောက်ခံခဲ့တာဖြစ်ပါတယ်။

အခုအခါမှာတော့ ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်တဲ့ ရည်ညွှန်းငွေလဲနှုန်းနဲ့သာ ပြန်လည် အခွန်စည်းကြပ်ကောက်ခံတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေအတွက် အခွန်အရပ်ရပ် စည်းကြပ်ကောက်ခံရာမှာ အသုံးပြုမယ့်ငွေလဲလှယ်နှုန်းတွေကို အကောက်ခွန်ဦးစီးဌာနက အပတ်စဉ်ထုတ်ပြန် ပေးနေပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN