(အားကစား) ဇန်နဝါရီ ၂၇

ONE Friday Night က ကျင်းပပြုလုပ်မည့် ONE-95 ပွဲစဉ်မှာ မြန်မာရိုးရာဖိုက်တာ ၃ ဦး ပါဝင်ထိုးသတ် သွားမယ်လို့ One Championship ပွဲစဉ်ဇယားအရ သိရပါတယ်။
လာမယ့်ဇန်နဝါရီလ ၃၁ ရက် ထိုင်းနိုင်ငံ လုံမ္ဗနီမှာ ကျင်းပပြုလုပ်မယ့် One Lumpinee -95 ပွဲစဉ်များမှာ တွဲဆိုင်း ၄ ဆိုင်းမြောက်၌ စောအဲမွီ နှင့် ဂျပန်ဖိုက်တာ မူဂါဆက်တို၊ တွဲဆိုင်း ၉ ဆိုင်းမြောက်၌ စူပါရေချမ်း နှင့် ထိုင်းဖိုက်တာ လွတ်ဖရာဆေလ်၊ တွဲဆိုင်း ၁၀ ဆိုင်းမြောက်၌ မိုးထက်အောင်နှင့် ထိုင်းဖိုက်တာ ဆမီဒမ် တို့ ယှဉ်ပြိုင် ထိုးသတ်သွားကြမှာ ဖြစ်ပါတယ်။
One Friday Fights 95 ပွဲစဉ်မှာ တွဲဆိုင်းပေါင်း ၁၂ ဆိုင်းပါဝင်ပြီး မြန်မာကိုယ်စားပြု တွဲဆိုင်း ၃ ဆိုင်း ပါဝင်လာခြင်းဖြစ်သည်။
ရိုးရာဖိုက်တာ ၃ ဦးအနက် စောအဲမွီ ဟာ ONE မှာ ယခုပွဲစဉ်အပါအဝင် တတိယအကြိမ် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး ယခင်က ၁ ပွဲရှုံး၊ ၁ ပွဲနိုင် ရလဒ်များထွက်ပေါ်ထားတဲ့ ရိုးရာဖိုက်တာ တစ်ဦးဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews