စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်း


(စီးပွားရေး) ဇန်နဝါရီ ၂၇

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်းလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကနေ ၂၆ ရက်အထိရောင်းချရမယ့် စားအုန်းဆီတစ်ပိဿာရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းဟာ ၇,၂၅၅ ကျပ် ဖြစ်ခဲ့ရာကနေ ယခုတစ်ပတ်တာ ကာလဖြစ်တဲ့ ဇန်နဝါရီ ၂၇ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက ၇,၂၄၅ ကျပ်ဖြစ်တာကြောင့် ၁၀ ကျပ် ကျဆင်း လာတာဖြစ်ပါတယ်။

ယခုထုတ်ပြန်တဲ့ ဈေးနှုန်းတွက် အုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဥ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေနဲ့ ဘဏ်စရိတ်တွေ၊ အခွန်အခတွေကို ထည့်သွင်းတွက်ချက် ထုတ်ပြန်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN