စဥ့်ကိုင်မြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်းပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့် လဲကျသေဆုံး

(မှုခင်း)ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး ၊ စဥ့်ကိုင်မြို့နယ်၊ မီးသွေးဖုတ်ကျေးရွာနှင့်ကျွဲနဖားကျေးရွာကြား၊ကျေးရွာချင်းဆက်လမ်း၊ကျွဲနဖား(တောင်)ကျေးရွာတွင် ယနေ့နံနက် ၁၀နါရီ၄၅မိနစ်အချိန်ခန့်က လူတစ်ဦး ဆိုင်ကယ်တိမ်းမှောက်သေဆုံးနေကြောင်း အနီးပတ်ဝန်းကျင်ရှိိ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

အခင်းဖြစ်နေရာတွင် သေဆုံးနေသူမှာ ဦးထွန်းနိုင်ဦး၊၅၂နှစ်၊(ဘ)ဦးပွကြီး၊တောင် သူ၊ကျွဲနဖား(တောင်)ကျေး ရွာ၊စဥ့်ကိုင်မြို့နယ်နေသူဖြစ်ပြီး လမ်းဘေးခြုံစပ်တွင် ဆိုင်ကယ်တိမ်းမှောက်လျက် ၀ဲဘက်ရင်အုံအထက် ဖောက်၀င်ဒဏ်ရာ ၁ချက်၊ယာ- လက်မောင်းရင်း ဖောက်၀င်ဒဏ်ရာ ၁ချက်၊၀ဲ-နံစောင်း ဖောက်၀င်ဒဏ်ရာ ၁ချက်တို့ဖြင့် သေဆုံးနေကြောင်း သိရသည်။

အခင်းဖြစ်နေရာအနီးမှ 9 MM၊LUGER NRCတံဆိပ်ပါ ကျည်ခွံ ၁ခုနှင့် ကျည်ဆံ၂တောင့်၊ကျည်ထိပ်ဖူး ၁ခုတို့ ရှာဖွေတွေရှိခဲ့ကြောင်းနှင့်သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ ဖြစ်စဥ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

#PAN #PDF #စဥ့်ကိုင်မြို့နယ် #ကျွဲနဖားကျေးရွာ