(ပြည်တွင်း) ဇန်နဝါရီ ၉

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ခရိုင်ရုံးများမှာ မော်တော်ယာဉ် စာရင်းလူစီး (Passenger) EV ကားစီးရေ ၆,၁၆၆ စီး မှတ်ပုံတင်ထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနရဲ့ စာရင်းများအရ သိရပါတယ်။
မှတ်ပုံတင်ထားစာရင်းမှာ EV အသုံးပြုတဲ့ ခရီးသည်တင်ကား ၃ စီးနှင့် ကုန်တင်ဝန်ပေါ့ ၂၂ စီးလည်းရှိတာကြောင့် EV ကားစီးရေ ၆,၁၉၁ စီးရှိကြောင်း သိရပါတယ်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင်ဖြစ်သော လူစီးကား ၅၁၉,၅၉၇ စီး၊ ငှားရမ်းထားတဲ့ လူစီးကား ၈၇,၇၀၇ စီး၊ ပိုင်ဆိုင်သော ခရီးသည်တင်ကား ၂၀၃ စီး၊ ငှားရမ်းထားသောခရီးသည်တင်ကား ၂၄,၀၁၅ စီး၊ ပိုင်ဆိုင်သော ကုန်တင် ဝန်ပေါ့ကား ၂၅၆,၆၇၈ စီး၊ ငှားရမ်းထားသော ကုန်တင်ဝန်ပေါ့ကား ၁၁၁,၂၁၃ စီး၊ ပိုင်ဆိုင်သော ကုန်တင်ဝန်လေး ကား ၉၀ စီး၊ ငှားရမ်းထားသော ကုန်တင်ဝန်လေးကား ၄၅,၇၃၇ စီး၊ ပိုင်ဆိုင်သောအခြားကား ၄,၃၉၂ စီး၊ ငှားရမ်းထားသော အခြားကား ၈၃,၄၃၂ စီး(စုစုပေါင်းပုဂ္ဂလိကပိုင်ဆိုင်သောကား ၇၈၀,၉၆၀ စီး၊ ပုဂ္ဂလိကမှ ငှားရမ်းထားသောကား ၃၅၂,၁၀၄ စီး ရှိကြောင်း သိရပါတယ်။
ဒါ့အပြင် အစိုးရမှပိုင်ဆိုင်သော လူစီးကား ၂၅,၇၆၂ စီး၊ ငှားရမ်းထားသောလူစီးကား ၅၁ စီး၊ ခရီးသည်တင်ကား ၁,၉၁၈ စီး၊ ငှားရမ်းထားသောခရီးသည်တင်ကား ၅၉ စီး၊ ကုန်တင်ဝန်ပေါ့ကား ၈,၀၂၀ စီး၊ ငှားရမ်းထားသော ကုန်တင်ဝန်ပေါ့ကား ၁၄ စီး၊ ကုန်တင်ဝန်လေးကား ၂,၄၉၀ ကား၊ ငှားရမ်းထားသော ကုန်တင်ဝန်လေးကား ၂၇၇ စီး၊ အခြားကား ၁၁,၇၇၃ စီး၊ ငှားရမ်းထား သောအခြားကား ၃၃၉ စီး (စုစုပေါင်း အစိုးရပိုင်ကား ၄၉,၉၆၃ စီး၊ အစိုးရမှ ငှားရမ်းထားသောကား ၇၄၀ စီး) ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိကပိုင်နှင့်အစိုးရပိုင် လူစီးကား ၆၃၃,၁၁၇ စီး၊ ခရီးသည်တင်ကား ၂၆,၁၉၅ စီး၊ ကုန်တင်ဝန်ပေါ့ကား ၃၇၅,၉၂၅ စီး၊ ကုန်တင်ဝန်လေးကား ၄၈,၅၉၄ စီး၊ အခြားကား ၉၉,၉၃၆ စီး(စုစုပေါင်း ၁,၁၈၃,၇၆၇ စီး)ရှိကြောင်း သိရပါတယ်။
ဒါ့အပြင် ဓာတ်ဆီအသုံးပြု တဲ့ကား ၆၇၉,၅၂၃ စီး၊ ဒီဇယ်အသုံးပြုတဲ့ကား ၄၈၀,၄၇၃ စီး၊ CNG အသုံးပြုတဲ့ကား ၁၃,၅၃၁ စီး၊ LPG အသုံးပြုတဲ့ကား ၉၀ စီး၊ EV ကား ၆,၁၉၁ စီး၊ HV အသုံးပြုတဲ့ကား ၃,၉၅၈ စီးရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews