ဟိုင်းကြီးကျွန်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း မျောပါလျက်ရှိသည့် ကျားဖောင်လုပ်သားများအား ကူညီကယ်ဆယ်

(ပြည်တွင်း)နိုဝင်ဘာ ၁၁

    ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မော်တင်စွန်းတောင်ဘက် ရေမိုင် ၂၅ မိုင် ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေထဲမျောပါနေသည့် ကျားဖောင် ၃ ဖောင်မှ ရေလုပ်သား ၁၂ ဦးအား နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ငါးဖမ်း ရေယာဉ်မှတွေ့ရှိကယ်ဆယ်ခဲ့ကြောင်း သတင်းရရှိသဖြင့် လုံခြုံ ရေးတာဝန်ထမ်းဆောင် နေသည့် စစ်ရေယာဉ်က သွား ရောက်ကာ အဆိုပါရေလုပ်သားများအား ညနေ ၃ နာရီခန့်တွင် စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်၍ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

       အဆိုပါ ကျားဖောင်လုပ်သား ၁၂ ဦးသည် ဖျာပုံမြစ်ဝမှ ၁၀ မိုင်ခန့်အကွာတွင် ကျားဖောင်လုပ်ငန်းလုပ်ကိုင်နေစဉ် နိုဝင်ဘာ ၆ ရက် ည ၁၀ နာရီခန့်၌ ရာသီဥတု ဆိုးရွားကာ လှိုင်းလေပြင်းထန်လာသဖြင့် ကျားဖောင်များပျက်၍ မျောပါခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

       တပ်မတော်(ရေ)စစ်ရေယာဉ်မှ လိုအပ်သည့် ကျန်း မာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်၍ အဝတ် အထည်နှင့် စားသောက်ဖွယ်ရာများ‌ ထောက်ပံ့ကာ ရေလုပ်သား များအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

#PAN