မလှိုင်မြို့နယ်တွင် အုပ်စုအုပ်ချုပ်ရေးမှူးနှင့် အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ ပစ်သတ်


(ပြည်တွင်း) နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်၊ကျပ်ဆည်ကျေးရွာအုပ်စု၊ဆပ်ခင်းကြီးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှုး နှင့် ရွာသားတစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ နေအိမ်တွင် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

ယနေ့ နံနက်၉နာရီ၄၀မိနစ်အချိန်ခန့်က ကျပ်ဆည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းမိုး၊၅၄နှစ်နှင့် သာမန်​ပြည်သူ ဦးထွန်းမြင့်၊၅၂နှစ်တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဥ် အကြမ်းဖက် PDF ၁၀ဦးခန့်သည် ဆိုင်ကယ် ၅စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးတင်ထွန်းမိုးနှင့်ဦးထွန်းမြင့်တို့ ၂ဦးလုံး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အခင်းဖြစ်ကျေးရွာမှာ အကြမ်းဖက် PDF များ လှုပ်ရှားသွားလာသည့် နေရာဖြစ်သောကြောင့် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခြင်း မပြုလုပ်နိူင်ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN