PAN ရေ ကျွန်တော်က ကော့သောင်းမြို့နယ်က မြို့ခံတစ်ဦးဖြစ်ပါတယ်။
ကော့သောင်းမြို့၊အေးရိပ်ငြိမ်ရပ်ကွက်၊ဗထူးတောင်ပေါ်လမ်းမှာနေထိုင်တဲ့ ဦးအောင်စိုး (ခေါ်) ဆံရှည် (ဘ) ဦးဒေါနအသက်(၆၅)နှစ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂. ၁၀. ၂၀၂၄ ရက်နေ့ ညနေပိုင်းမှာ သူရဲ့နေအိမ်မှာပဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး အမှု့အမှတ်၁၁၅/၂၀၂၄ နဲ့ တရားစွဲဆိုကာ ပုဒ်မ ၃၇၉၊ ၄၂၇၊ ၁၁၄တို့နဲ့ အမှုဖွင့်ထားပါတယ်။
ဖြစ်စဥ်ကတော့ ခုလိုပါ ။

ဖမ်းဆီးခံရသူဦးအောင်စိုးကို ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်၊ ဦးအောင်ဇေယျ(၁)လမ်းမှာနေထိုင်တဲ့ ပြည့်တန်ဆာဆိုင်ပိုင်ရှင် ဒေါ်နွယ်နီလှိုင်က ကော့သောင်းမြို့နယ် တရားရုံးမှာ ပုဒ်မ၄၂၇၊ ၄၄၇၊ ၃၄၁နဲ့ ၎င်းပိုင်မြေဧရိယာအတွင်းကျူးကျော်တယ်လို့ဆိုကာ စွပ်စွဲပြီး တရားစွဲဆိုခဲ့ကြပေမယ့် တရားရုံးက ဦးအောင်စိုးဟာ အပြစ်မရှိကြောင်း၊ စွပ်စွဲတဲ့ပုဒ်မတွေမပေါ်ပေါက်ကြောင်း ဆုံးဖြတ်ပြီး အနိုင်ပေးခဲ့ပါတယ်။

တရားရုံးက အမှုပလပ်ခံခဲ့ရတာကြောင့် ဒေါ်နွယ်နီလှိုင်၊ ဒေါ်နွယ်နီလှိုင်ရဲ့ရှေ့နေ ဒေါ်မာလာမြိုင်၊ ဒေါ်သင်းသင်းမြင့်တို့ကဦးဆောင်ပြီး အမည်မသိအမျိုးသမီး၅ဦး၊ အမျိုးသား၃ဦး စုစုပေါင်း(၁၁)ဦးပါအဖွဲ့ဟာ ဦးအောင်စိုးရဲ့ မြေဧရိယာအတွင်းခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပြီး အတင်းအဓမ္မခြံစည်းရိုးတိုင်တွေစိုက်ထူတာ သွပ်ဆူးကြိုးတွေကာရံနေတာတွေကို လက်ရှိမြေပိုင်ရှင်ဦးအောင်စိုးက ခွင့်မပြုကြောင်းပြောကြားခဲ့လို့ ဦးဆောင်သူ(၃)ဦးက
“ဒီအတိုင်းပြော၍မရရင် ရိုက်သတ်ပစ်မယ် နေစရာမရှိအောင်လုပ်ပစ်မယ် ထောင်ထဲထည့်ပစ်မယ်” လို့ခြိမ်းခြောက်ပြောဆိုနေမှုကို ဦးအောင်စိုးရဲ့ဇနီး ဒေါ်ဝင်းစန်းက ဖုန်းနဲ့မှတ်တမ်းရိုက်နေတာကို ဒေါ်နွယ်နီလှိုင်ကအတင်းလုယူပြီး ဖုန်းထဲမှာရှိတဲ့ မှတ်တမ်းတွေကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။
တရားလွှတ်တော်ရှေ့နေဒေါ်မာလာမြိုင်ကလည်း
“ငါရှိတယ် ဘာမှမဖြစ်ဘူး လုပ်စရာရှိတာဆက်လုပ်”
လို့ မင်းမဲ့စရိုက်ဆန်စွာပြောဆိုပြီး ဒေါ်နွယ်နီလှိုင်နဲ့အမည်မသိ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၃ ဦးကိုခြံစည်းရိုးတိုင်တွေ ဆက်လက်စိုက်ထူစေခဲ့ပါတယ်။

အဲဒီကိစ္စကို လက်ရှိမြေပိုင်ရှင် ဦးအောင်စိုးက မကျေနပ်လို့ တိုင်တွေကို ဆွဲနှုတ်ခဲ့ပါတယ်။
ခွင့်ပြုချက်မရှိဘဲခြံစည်းရိုးကာရံတဲ့ကိစ္စကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ၂ ဦး ၂ ဘက်ဖြေရှင်းခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက လက်ရှိမြေပိုင်ရှင်ဦးအောင်စိုအား မကျေနပ်လျှင် ရဲစခန်းတွင်သွားရောက်တိုင်တန်းအမှုဖွင့်ရန် ပြောကြားခဲ့သဖြင့်အမှုဖွင့်ရန်ဆောင်ရွက်နေစဥ် ဒေါ်နွယ်နီလှိုင်နဲ့ တရားလွှတ်တော်ရှေ့နေဒေါ်မာလာမြိုင်တို့က သွပ်ဆူးကြိုးခိုးယူတယ်လို့ စွပ်စွဲကာ ၂.၁၀.၂၀၂၄ ရက်နေ့က ရဲစခန်းမှာအမှု့ဖွင့်ခဲ့လို့ အဲ့ဒီနေ့ညနေပိုင်းမှာပဲ ဦးအောင်စိုးနေအိမ်မှာ သက်သေခံပစ္စည်းရှာဖွေခြင်းမရှိဘဲ ဦးအောင်စိုးကို နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်စိုးမင်းသူဦးဆောင်တဲ့အဖွဲ့က ရဲစခန်းကိုခေါ်ဆောင်ပြီး ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
၃.၁၀.၂၄နေ့မှာတော့ မြို့နယ်တရားရုံးမှာအမှုအမှတ် ၁၁၅/၂၀၂၄ နဲ့ တရားစွဲဆိုအမှုဖွင့်ပြီး တရားရုံးချိန်းယမန်ယူပြီးသောအချိန်မှ ဦးအောင်စိုးအားခေါ်ဆောင်ပြီး သက်သေခံပစ္စည်းရှာဖွေခြင်းပြုလုပ်ခဲ့ရာဦးအောင်စိုးရဲ့ နေအိမ်အတွင်းမတွေ့ရှိဘဲ ခြံစည်းရိုးဘေးတွင်ပစ်ချပြီး အတင်းအဓမ္မအမှုကိုပုံဖော်ခဲ့ပါတယ်။
သက်သေခံပစ္စည်းရှာဖွေရာမှာလည်း သက်သေအဖြစ်လိုက်ပါသူ တာဝန်ခံရာအိမ်မှူး ဦးသိန်းဇော်မှဦးအောင်စိုးမှာ ခိုးယူခြင်းမဟုတ်ကြောင်း သူ၏ခြံအတွင်း အတင်းအဓမ္မခြံစည်းရိုးတိုင်ဝင်စိုက်၍ ဆွဲနှုတ်ခြင်းဖြစ်ကြောင်းပြောပြသော်လဲ အမှု့စစ်ဒုရဲအုပ်သန်းစိုးနိုင်မှ အမှု့အမှတ်၁၁၅/၂၀၂၄နဲ့ အမှု့ဖွင့်လှစ်ခဲ့သဖြင့် ရာအိမ်မှူးမှ ပြည်သူတစ်ယောက်ကိုမတရားမလုပ်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
၈.၁၀.၂၀၂၄ ရက်နေ့မှာ အချုပ်ကျနေသူဦးအောင်စိုးဟာအချုပ်ခန်းအတွင်းမှာ ဘယ်ဘက်ခြေထောက်တစ်ချောင်းလေဖြတ်သွားခဲ့လို့ အချုပ်သားဘဝနဲ့ဆေးရုံတက်ဆေးကုသမှုခံယူနေရပါတယ်။
သူဆေးရုံတက်နေစဥ် ၉.၁၀.၂၀၂၄ ရက်နေ့ မနက် ၁၀း၃၀ အချိန်တွင် အမှုစစ်ဒုရဲအုပ်သန်းစိုးနိုင်မှ ဆေးရုံံသို့လာရောက်၍ ဦးအောင်စိုး(ခ)ဆံရှည်အားရှာဖွေပုံစံတွင် လက်မှတ်ထိုးခိုင်းရာ ဦးအောင်စိုးမှသူမခိုး၍ မထိုးနိုင်ကြောင်းပြောပြရာ အမှုစစ်မှ”လက်မှတ်မထိုးလျှင် ခင်ဗျားမိန်းမကိုပါဖမ်းမည်”ဟုခြိမ်းခြောက်ပြောဆိုသဖြင့် လက်မှတ်ထိုးပေးခဲ့ရပါတယ်။
တရာလိုဒေါ်နွယ်နီလှိုင်ဟာ ပြည့်တန်ဆာဆိုင်ရှင်ဖြစ်သဖြင့် ရဲတပ်ဖွဲ့နယ်ထိန်းအဖွဲ့တွေနဲ့ ရင်းနှီးကျွမ်းဝင်သူဖြစ်ပြီး ငွေကြေးသုံးစွဲနိုင်ခြင်းတို့ကြောင့် ပုဂ္ဂိုလ်ရေးဘက်လိုက်မှု့ဖြစ်ပေါ်စေပြီး မတရားသောအမှု့ကိုရဲတပ်ဖွဲ့မှ လက်ခံ၍ ဦးအောင်စိုးအားပြန်လည်ဖြေရှင်းခွင့်မပေးဘဲဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့နယ်ထိန်း၊ နယ်ထိန်းခေါင်းဆောင်တွေဟာ ပြည့်တန်ဆာဆိုင်ပိုင်ရှင် ဒေါ်နွယ်နီလှိုင်ထံက လစဥ်လိုင်းကြေးတွေကောက်ယူနေတဲ့အတွက် နွယ်နီလှိုင်နဲ့ရှေ့နေရဲ့အမှု့ကို လက်ခံဆောင်ရွက်ပေးနေတာတွေ ပြည့်တန်ဆာဆိုင်ပိုင်ရှင် ဒေါ်နွယ်နီလှိုင်ဟာ ဦးအောင်စိုးရဲ့နေအိမ်ပတ်ဝန်းကျင်က ပြည်သူတွေကို ရုတ်ရင်းကြမ်းတမ်းစွာဆဲဆိုပြီး မင်းမဲစရိုက်ဆန်စွာပြုလုပ်နေတာတွေ ဒေါ်နွယ်နီလှိုင်ရဲ့တိုင်တန်းမှု့ကြောင့်သက်သေခံပစ္စည်းကိုရှာဖွေမှု့မပြုမှီ ဦးအောင်စိုး(ခ)ဆံရှည်ကို ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ပြီးအချုပ်ထဲသို့ထည့်ထားခြင်း သက်သေခံပစ္စည်းရှာဖွေရာမှာ လိုက်ပါသူ ရာအိမ်မှူးမှ ရှာဖွေပုံစံတွင်သက်သေအဖြစ်လက်မှတ်မထိုးခြင်း၊သက်သေခံပစ္စည်းရှာဖွေရာမှာ တရားရုံးတွင်အမှုဖွင့်လှစ်ပြီးမှရှာဖွေခြင်း၊ စွပ်စွဲခံရသူ ဦးအောင်စိုးအား ၉.၁၀.၂၀၂၄ ရက်နေ့မှ ရှာဖွေပုံစံတွင် အတင်းအဓမ္မလက်မှတ်ထိုးခိုင်းခြင်း၊ တရားရုံး၏အမိန့်အား ဥပဒေဘက်တော်သားရှေ့နေတစ်ဦး ပါရှိပါလျက်နှင့်မျက်ကွယ်ပြုနေခြင်း စတဲ့အချက်တွေကြောင့်အမှန်တရားလိုလားသူ ရာအိမ်မှူးနဲ့ ဒေါ်နွယ်နီလှိုင်ရဲ့ ရုတ်ရင်းကြမ်းတမ်းစွာပြောဆိုခံရသော ပတ်ဝန်းကျင်ရှိပြည်သူတွေက အကူအညီတောင်းခံလာလို့ သူတို့ကိုယ်စား မီဒီယာကတစ်ဆင့်အကူအညီတောင်း ခံရတာဖြစ်ပါတယ်။
ဒါကြောင့် အမှန်တရားအတိုင်းဖြစ်စေရေး ကူညီဆောင်ရွက်ပေးနိုင်ဖို့ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ အကူအညီတောင်းခံရတာဖြစ်ပါတယ် ခင်ဗျာ။
ယခုဖော်ပြပါ ပေးပို့စာမှာ PAN ရဲ့အာဘော်မဟုတ်ပဲ ပေးပို့သူရဲ့မူရင်းအာဘော်သာဖြစ်ပါတယ်။
PAN ကိုသတင်းရေးသားပေးပို့လိုရင်တော့ PAN ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့ 09772979725 ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်။