အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဂါဇာ ဒုက္ခသည်စခန်းရှိ ဒုက္ခသည် အနည်းဆုံး ၄၅ ဦးသေဆုံး


(နိုင်ငံတကာ) အောက်တိုဘာ ၁၀

ဂါဇာကမ်းမြောင်ဒေသရှိ ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အစ္စရေးစစ်ဘက်က အောက်တိုဘာလ ၈ ရက် ညပိုင်းတွင် လုပ်ဆောင်သော တိုက်ခိုက်မှုကြောင့် ဒုက္ခသည် အနည်းဆုံး ၄၅ ဦး သေဆုံးရကြောင်း သိရသည်။ ထို့ပြင် အစ္စရေးစစ်ဘက်သည် အဆိုပါ ဒုက္ခသည်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ရခြင်းသည် ဟားမတ်စ်အဖွဲ့အနေဖြင့် ထိုဒုက္ခသည်စခန်းများမှနေ၍ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကို ဟန့်တားရန်ဖြစ်ကြောင်း အစ္စရေးစစ်ဘက်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ မတိုက်ခိုက်မီ ဒုက္ခသည်စခန်းမှ ပြည်သူများအနေဖြင့် ဘေးလွတ်ရာရှောင်ပြေးရန် အစ္စရေးဘက် က သတိပေးချက်အကြိမ်ကြိမ် ထုတ်ပြန်သည်ဟု ဆိုသော်လည်း ဂါဇာဒေသအတွင်း၌ ဘေးလွတ်ရာ ဟူ၍မရှိကြောင်း နှင့် ဒုက္ခသည်စခန်း၌ ပိတ်မိနေသူအနည်းဆုံး လေးသိန်းနီးပါးရှိနေဆဲဖြစ်ကြောင်း ပါလက်စတိုင်းနှင့် ကုလသမဂ္ဂ တို့မှ တာဝန်ရှိသူများက အောက်တိုဘာလ ၉ ရက်တွင်ပြောသည်ဟု TST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN