(နိုင်ငံတကာ) အောက်တိုဘာ ၁၀

ထိုင်ဝမ်သမ္မတ William Lai က ကျူးကျော်ဝင်ရောက်မှုများကို ကာကွယ်မည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။
William Lai က “ကျွန်ုပ်တို့၏ အချုပ်အခြာအာဏာကို သိမ်းပိုက်ခြင်း ကျူးကျော်ခြင်းတို့အား တွန်းလှန်ရန် ကတိကဝတ်ကို လက်ကိုင်ထားမည်”ဟုပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် လိုင်က ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တည်ငြိမ်ရေးအခြေအနေကို ဆက်လက်ထိန်းသိမ်းထားရန် ကတိပြုခဲ့ပြီး ရာသီဥတုဖောက်ပြန်မှု၊ ကူးစက်ရောဂါများကို တိုက်ဖျက်ရန်နှင့် ဒေသတွင်းလုံခြုံရေးထိန်းသိမ်းမှုစသည့် ကိစ္စရပ်များတွင် တရုတ်နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။
ဆက်လက်၍ တရုတ်နိုင်ငံအနေဖြင့် ဒီမိုကရေစီထွန်းကားသည့် ထိုင်ဝမ်အား ကိုယ်စားပြုခွင့်မရှိကြောင်း ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews