မန္တ​​​လေးမှ ဇွဲထက်ရွှေဆိုင် လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရ ဆိုင်ဝန်ထမ်းများ ဗုံးစထိမှန်ခဲ့

(ပြည်တွင်း)ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး ချမ်း​အေးသာစံမြို့နယ်၊အောင်နန်းရိပ်သာ​အ​ရှေ့ရပ်ကွက်၊အကွက်(၅၅၉)၊၈၄×၃၄ လမ်း​ထောင့်ရှိ ဇွဲထက်​ရွှေဆိုင်(၄)၌ ​ပေါက်ကွဲမှု ဖြစ်ပွား​ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မွန်းလွဲ၂နာရီအချိန်ခန့်က အမည်မသိ အမျိုးသား ၂ဦးသည် CZI-125 ဆိုင်ကယ်ဖြင့် ၃၄လမ်းအတိုင်း အ​ရှေ့မှ ​အနောက်သို့​မောင်းနှင်လာပြီး ၃၄×၈၄ လမ်း​ထောင့်အ​ရောက်တွင် ​ဆိုင်ကယ်ပေါ် နောက်ထိုင် လိုက်ပါလာသူမှ လက်လုပ်ဗုံးဖြင့် ပစ်​ပေါက်ခဲ့ရာ ဇွဲထက်​ရွှေဆိုင် မျက်နှာစာသို့ ကျ​ရောက်​ပေါက်ကွဲခဲ့ပါသည်။

အဆိုပါလက်လုပ်ဗုံး ပေါက်ကွဲမှုကြောင့် Yinanbo အမျိုးစား 125 အနက်​ရောင်ဆိုင်ကယ်နှင့် ဆိုင်ကလုန်း အနက်​ရောင် ဆိုင်ကယ် တို့မှာ အနည်းငယ် ပျက်စီးခဲ့ပြီး မကြယ်စင်ဝင်းလဲ့​အောင်၊ရွှေဆိုင်ဝန်ထမ်းတွင် ဝဲဘက်လက်ဖျံ ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ရှိုင်းမင်းဦး၊ရွှေဆိုင်ဝန်ထမ်းတွင် ယာ-လက်​မောင်း ဗုံးစထိမှန်ဒဏ်ရာ၊ဝဲ-နား​နောက် ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ထွန်းထွန်း​အောင်၊ရွှေဆိုင်ဝန်ထမ်းတွင် ယာဘက်ရင်အုံ ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊သန်းထိုက်၊ရွှေဆိုင်ဝန်ထမ်းတွင် ​နောက်​ကျော ဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ကိုကို​နောင်၊ ရွှေဆိုင်ဝန်ထမ်းတွင် ဝဲ​-ခြေသလုံးနှင့်ဝဲဘက်နံ​ဘေးတွင် ဗုံးစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြောင်း သိရှိရသည်။

#PAN#ZN