လက်လုပ်မိုင်း ပေါက်ကွဲသဖြင့် ရာဘာခြံအတွင်း မြက်ဖြတ်နေသော အလုပ်သမားတစ်ဦးအား ထိခိုက်ဒဏ်ရာ ရရှိ


(ပြည်တွင်)ဇွန် ၁၁

တနင်္သါရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအုပ်စု၊​ တောင်ငယ်ကျေးရွာအဝင်လမ်းရှိ ဦးဇော်မင်းသန်း ပိုင်ဆိုင်သော ရာဘာခြံအတွင်း ယနေ့နံနက် ၉ နာရီ ၃၀ အချိန်ခန့်က တောရှင်းနေသော အလုပ်သမားတစ်ဦး မြက်ဖြတ်စက်ဖြင့် တောရှင်းနေစဥ် ခြံစည်းရိုးရှေပေ(၁၀၀)ခန့်အကွာအရောက်တွင် စက်လက်တံနှင့် ထိမိပြီးလက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်း ပေါက်ကွဲမှုကြောင့် ဦးကျော်သက်နိုင်(ဘ)ဦးအေးမောင်၊ အသက် ၄၆ နှစ်၏ ဝဲဘက်ခြေသလုံး ဒူးအောက်ပိုင်း၌ မိုင်းစဖောက်ဝင်၊ ယာဘက်မျက်ခုံးပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ပြည်ကြီးမဏ္ဍိုင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသလျက်ရှိကြောင်း သိရသည်။

အဆိုပါ လက်လုပ်မိုင်းမှာ အကြမ်းဖက် PDF တို့ ထောင်ထားသော မိုင်းဖြစ်ပြီး ခြံပိုင်ရှင် ဦးဇော်မင်းသန်းမှာ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အရန်ကော်မတီဝင် အမာခံတစ်ဦးဖြစ်၍ လာရောက်ထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ