Biden က Rahah စစ်ဆင်ရေးအတွက် အစ္စရေးသို့ လက်နက် မပို့ဘူးလို့ သတိပေးထား

မေ ၁၀

      IDF သည် Rafah ၌ ဟားမတ်စ်ကို စစ်ဆင်ရေးကြီးကြီးမားမား စတင်လုပ်ဆောင်ပါက ဂါဇာကမ်းမြှောင်ဒေသသို့ အမေရိကန်၏လက်နက်များ တင်ပို့ရောင်းချမှုအား ရပ်တန့်ပစ်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးကို ပထမဆုံးအကြိမ် သတိပေးခဲ့သည်။ “သူတို့ (အစ္စရေး) က Rafah ထဲ ဝင်ရောက်ရင် Rafah ကို တိုက် ခိုက်ဖို့ သမိုင်းဝင်မည့် လက်နက်များ ပေးမည်မဟုတ်ဟု ၎င်းတို့အား ရှင်းလင်စွာ ပြောကြားထားသည်” ဟု Biden က နိုဝင်ဘာလ Wisconsin ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးစဉ် CNN သို့ ပြောကြားခဲ့သည်။

      အစောပိုင်းတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က Rafah အပေါ် စိုးရိမ်မှုများကြောင့် အစ္စရေးသို့ ခဲယမ်းများ သယ်ယူ ပို့ဆောင်မှုကို ခေတ္တရပ်ထားသည်ဟု ဆီးနိတ်လွှတ်တော် လျာထား ချက် ကော်မတီသို့ ပြောကြားခဲ့သည်။”ကျွန်တော်တို့ သင်္ဘောတစ်စင်း သိမ်းထားပါတယ်” ဟု ဘိုင်ဒင်က CNN သို့ ရှင်းပြခဲ့ကာ ဂါဇာရှိ လူဦးရေထူထပ်သည့် ဗဟိုနေရာများသို့ ကျရောက်ခဲ့သည့် ဗုံးများနှင့် အစ္စရေးတို့၏ အခြားနည်းများကြောင့် အရပ်သားများ သေဆုံးခဲ့ရသည်ဟု Biden က CNN သို့ အလေးပေးပြောကြားခဲ့သည်။

      အမေရိကန်၊ ဂျော်ဒန်၊ ဗြိတိန်၊ ပြင်သစ်နှင့် အစ္စရေးတို့က အီရန်၏ မောင်းသူမဲ့လေယာဉ်များနှင့် ဒုံးကျည်တိုက်ခိုက်မှုများမှ ဂျူးနိုင်ငံအား ကာကွယ်ရန် ပြီးခဲ့သည့်လက မကြုံစဖူးသော စစ်ရေးပူးပေါင်းဆောင် ရွက်ခဲ့မှုကို ညွှန်ပြကာ အမေရိကန်၏ လုံခြုံရေးဆိုင်ရာ ကတိကဝတ်ကို အလေးပေးဖော်ပြခဲ့သည်။ “အစ္စရေးဟာ Iron Dome နဲ့ မကြာသေးမီက အရှေ့အလယ်ပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်နိုင်တဲ့ သူတို့ရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး လုံခြုံမှုရှိစေမှာ သေချာပါတယ်။” ဟု ပြောဆို၍ “ကျွန်တော်တို့ဟာ အစ္စရေးရဲ့ လုံခြုံရေးနဲ့ ဝေးကွာနေမှာ မဟုတ်ပါဘူး။ အဲဒီဒေသတွေ Rafah မှာ စစ်ပွဲပိုမို ကြီးထွားမလာအောင် ဝေးကွာရာသို့ ထွက်ခြင်းသာ”ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

#PAN