ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမည်မသိအမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိ


(မှုခင်း) မေ ၁၀

သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ၊ အမျိုးသမီးတစ်ဦး နောက်ကျောထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဒေသခံများ၏သတင်းပေးပို့ချက်အရ သိရပြီး မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာတွင် အနန်းကုန်းပိုင်းတွင် အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း သတင်းအရ ယနေ့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်း တွင် သက်ဆိုင်ရာမှ လာရောက် စစ်ဆေးခဲ့ကြကြောင်း ဒေသခံများမှပြောသည်။

အသက် ၂၄ နှစ်ခန့် အရွယ်ရှိသည့် အမျိုးသမီးတစ်ဦးမှာ သထုံမြို့နယ် နောင်ဘိုကျေးရွာ အနန်းကုန်းကျေးရွာနေသူ ဦးချစ်သိန်းပိုင်ဆိုင်သည့် လယ်ကွင်း အတွင်း၌ သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအမျိုးသမီးတွင် နောက်ကျောထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ယာလက်မောင်ပြတ်ရှဒဏ်ရာ၊ ဝဲလက်မောင်းထိုးသွင်းဒဏ်ရာ၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာ၊ ယာရင်ဘတ်ထိုးသွင်းဒဏ်ရာ များရရှိပြီးသေဆုံးနေကြောင်း သိရသည်။

အဆိုပါ အမည်မသိ အမျိုးသမီးအား သိမ်ဆိပ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဒဏ်ရာရရှိသေဆုံးအောင်ပြုလုပ်သူအား ဖမ်းဆီးရမိနိုင်ရေး (ပ)၂၆/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ရေးယူထားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22447

PAN

AMT #SZ