အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်တွင် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၃၆ လုံး မီးလောင်ဆုံးရှုံး


(ပြည်တွင်း)မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြိုနယ်၊ ၈×၉လမ်းကြား၊ ၇၈လမ်း၊ အကွက် (၃၁)၊ အမရဌာနီအရှေ့ရပ်ကွက်တွင် ယနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး မွန်းတည့် အချိန်တွင် မီးငြိမ်းသွားခဲ့​​ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၃၁)နေ ဦးထွန်းအောင်မှ ယနေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် နေအိမ်တဲ၌ မီးသွေးမီးဖိုဖြင့် ထမင်း/ဟင်းချက်ပြုတ်ခဲ့ပြီးနောက် နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် နေအိမ်အရှေ့ဘက် ၁ ဖာလုံခန့်အကွာရှိ မတ္တရာတိုက်မ ဘုန်းကြီးကျောင်းသို့ သွားရောက်စဉ် မီးသွေးမီးဖို မီးကြွင်းမီးကျန်မှတဆင့် နေအိမ်ကြမ်းခင်း (ပျဉ်ပြား)သို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူနေအိမ် ၃၅ လုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူ​နေအိမ် ၃၆ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေကျပ် ၂၉၂၇၅၀၀ဝိ/-ခန့် ဆုံးရှုံးခဲ့ကြောင်း မီးပေါ့ဆစွာအသုံးပြုသူ ဦးထွန်းအောင်၊ ၇၀ နှစ်၊ အကွက် (၃၁)၊ အမရဌာနီအရှေ့ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူအား ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22449

PAN

ZN #SZ