တရားမဝင် နှစ်လုံး/သုံးလုံး ချဲထီ လောင်းကစားပြုလုပ်သူများအားဖမ်းဆီအရေးယူ


(မှုခင်း) မေ ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းမှ တရားမဝင် နှစ်လုံး/သုံးလုံး ချဲထီ လောင်းကစား ပြုလုပ်နေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၊ ဗူးဘုရားလမ်းရှိ နေအိမ်အမှတ်(၃၃၈)တွင်နေထိုင်သည့် မျိုးမြင့်(ခ)မောင်မောင်နေအိမ်အား သက်ဆိုင်ရာက ယနေ့ မေလ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က လောင်းကစားနေအိမ်ဝင်ရောက် ရှာဖွေဖမ်းဆီးခွင့်ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ကြကြောင်း သိရသည်။

ထိုသို့ဝင်ရောက်ရှာဖွေခဲ့ရာ မျိုးမြင့်(ခ)မောင်မောင်၊ လှထွေး(ခ)ဘာဘူနှင့် စိုးလွင်တို့ (၃)ဦးအား မျိုးမြင့် (ခ)မောင်မောင်၏ နေအိမ်အောက်ထပ် စတိုခန်းအတွင်း အံဆွဲပါ လေးထောင့်သစ်သားစားပွဲအား အလယ်တွင်ထား၍ ထိုင်ခုံ(၁)လုံးစီဖြင့် ဝိုင်းထိုင်လျက် တရားမဝင် နှစ်လုံး/သုံးလုံး ချဲထီ လောင်းကစား ပြုလုပ် ရောင်းချနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

၎င်း တို့အား သက်ဆိုင်ရာမှ သက်သေများရှေ့တွင်ရှာဖွေရာ လောင်းကစားပစ္စည်းများ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိခဲ့ရကြောင်း သိရသည်။

တရားမဝင် နှစ်လုံး/သုံးလုံး လောင်းကစားပြုလုပ်ရောင်းချသူ မျိုးမြင့်(ခ)မောင်မောင်(၆၁)နှစ်၊ (ဘ) ဦးမောင်ခိုင်၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ မ(၃၃၈) ဗူးဘုရားလမ်း၊ အောက်ကျင်းရပ်ကွက်၊ သထုံမြို့နေထိုင်သူ၊ လှထွေး(ခ)ဘာဘူ(၆၀)နှစ်၊ (ဘ)ဦးထွန်းတင်၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ မ(၅၁၁)၊ ဝါးတောလမ်း၊ ဘင်လှိုင်ရပ်ကွက်၊ သထုံမြို့နေသူနှင့် စိုးလွင်(၅၅)နှစ်၊ (ဘ)ဦးအောင်မောင်း၊ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ မ(၄၆၄)၊ အုတ်ဖိုတန်းလမ်း၊ အောက်ကျင်းရပ်ကွက်၊ သထုံမြို့နေသူတို့ (၃)ဦးအား လောင်းကစားဥပဒေ ပုဒ်မ-၁၈(က)/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews/22449

PAN

AMT #SZ