အကြမ်းဖက်မှုသတင်းများနှင့် သတင်းမှားများရေးသားဖြန့်ဝေပြီး အကြမ်းဖက်ထောက်ပံ့မှုတွေပြုလုပ်နေတဲ့ Khit Thit Media အမည်ရှိတဲ့ Facebook Page က တစ်နှစ်စာ Post များဖျက်ဆီးထား


(ပြည်တွင်း) မေ ၁၀

Khit Thit Media နာမည်ဖြင့်ရေးသားနေသည့် Facebook Page မှ ၂၀၂၃ ဧပြီလ ၂၃ ရက်နေ့ကစပြီး ၂၀၂၄ ခုနှစ် မေလ ၉ ရက်နေ့အထိ ရေးထားမှု တွေကို ဖျက်ဆီးထားသည်ကိုတွေ့ရသည်။

Khit Thit Media မှာ Facebook တွင် Page ဖွင့်လှစ်ပြီး မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများ တိုင်းပြည်တွင်း ဆူပူမှုများဖြစ်ပွားအောင် ပုံကြီးချဲ့ လှုပ်ဆော်သည့်ရေးသားမှုများ၊ အကြမ်းဖက်သမားများ၏ ဝါဒဖြန့်ရေးသားချက်များ ငွေကြေးတောင်းခံသည့် ရေးသားချက်များကို ရေးသားထုတ်ဝေနေသည့် Page တစ်ခုဖြစ်သည်။

ဖျက်ဆီးရခြင်း၏အကြောင်းအရင်းမှာ အကြမ်းဖက်များအား ထောက်ပို့လုပ်ဆောင်ထားသည့် အထောက်အထားများ ကျန်ရှိနေမှာ စိုးရိမ်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း Online သုံးစွဲသူများမှပြောဆိုကြသည်။

Khit Thit Media အမည်ဖြင့် Facebook Page သည်အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုများ သတင်းမှားများ နိုင်ငံတော်ကိုပုန်ကန်သည့် သတင်းများ ပြည်သူများထင်ယောင်ထင်မှားဖြစ်စေနိုင်သည့်သတင်းများကြောင့် တည်ဆဲအစိုးရက တရမဝင်မီဒီယာအဖြစ်ကြေညာထားခံရသည့် အဖွဲ့ဖြစ်ပြီး ဆောင်​​ရွက်နေသူများအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာ နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသ

Telegram>>…
https://t.me/positiveanglenews/22453

PAN

AMT #SZ