လက်ပန်လှကျေးရွာရှိ “စိန်ရွှေတိုး” လက်ဘက်ရည်ဆိုင်တွင် ရွှေလုပ်ငန်းလုပ်ကိုင်သူအား အကြမ်းဖက်သမား ၂ ဦးက သေနတ်ဖြင့်ပစ်သတ်


(ပြည်တွင်း) မေ ၉

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်ရှိ “စိန်ရွှေတိုး” လက်ဘက်ရည်နှင့် အအေးဆိုင်၌ ယနေ့မွန်းလွှဲ ၄ နာရီကျော်အချိန်ခန့်က အမျိုးသားတစ်ဦးကို အကြမ်းဖက် PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ စဥ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာအုပ်စု၊ ဝါးဘိုးချပ်ကျေးရွာမှ ရွှေလုပ်ငန်း လုပ်ကိုင်သူ ဘက်ဖိုးဇော်မင်း(ခ)ဇော်မင်းသည် ဆိုင်အတွင်း လ္ဘက်ရည်သောက်နေစဉ် အကြမ်းဖက်အဖွဲ့မှ အမျိုးသား ၂ ဦး ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးခေါင်း ထိမှန် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22424

PAN

ZN #SZ