ဒီပဲယင်းမြို့တွင် ဆရာတော်တစ်ပါး ဆွမ်းခံထွက်စဉ် အကြမ်းဖက် PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်


မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့၊ မြို့မရပ်ကွက်၊ ကုန်းသာဦးကျောင်းတိုက်မှ ဆရာတော်တစ်ပါး ဆွမ်းခံထွက်စဉ် အကြမ်းဖက် PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၆ နာရီအချိန်ခန့်က ဒီပဲယင်းမြို့နယ်၊ ကုန်းသာဦးကျောင်းတိုက်မှ ဆရာတော်တစ်ပါးဆွမ်းခံထွက်စဉ် ဒီပဲယင်းမြို့မ ရဲစခန်းနှင့် ၃ မီတာခန့် အကွာသို့ အရောက်တွင် အကြမ်းဖက် PDF အဖွဲ့ဝင် ၁၅ ဦးခန့်မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဆရာတော်၏ ယာဘက်ရင်ဘတ် ညှပ်ရိုးအနီး ကျည်ဖောက် ထွက်ဒဏ်ရာ ၁ ချက်၊ ယာခြေသလုံး အတွင်း ကျည်ထိမှန် ဒဏ်ရာ ၁ ချက်ရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ဆရာတော်ကို ဒီပဲယင်းမြို့ရှိ သူနာပြု ၁ ဦးမှ ဆေးကုသမှု လုပ်ဆောင်ပေးနေပြီး ခြေသလုံးသို့ ထိမှန်သွားသည့်ကျည်ကို ထုတ်ယူရန်ခက်ခဲနေကြောင်းနှင့် သွေးထွက်လွန်နေသောကြောင့် အမျိုးအစားတူသည့် သွေးကိုသွင်းပေးနေကြောင်း သိရသည်။

ဒီပဲယင်းမြို့ကို အကြမ်းဖက် PDF အဖွဲ့ဝင်များက ပိတ်ဆို့ထားသည်မှာ ၇ လခန့်ကြာမြင့်နေပြီဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ဆရာတော်ကို မုံရွာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန် လမ်းခရီးခက်ခဲနေကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22423

PAN

KWN #SZ