ဘီးလင်းမြို့ ၊ ကန်သာယာရပ်ကွက်၊ “လင်းလက်အောင်” စတိုးဆိုင်အနီး နေအိမ်တစ်အိမ်မှ ဝါယာကြိုးအပူလွန်ကဲ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွား


မေ ၉

ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့ ကန်သာယာရပ်ကွက်၊ “လင်းလက်အောင်” စတိုး ဆိုင်အနီး၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်းမှုကို ဘီးလင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၅ စီး၊ ကျိုက်ထိုမြို့နယ် မီးသတ် ဦးစီးဌာနမှ ရေသယ်ယာည် ၂ စီး၊ ကျိုက်က္ကော်နယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် မီငြိမ်းသတ်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ရာ မွန်လွဲ ၃ နာရီ ၅၀ မိနစ်အချိန်တွင် မီးညွှန့်ကျိုးသွားခဲ့ပြီး ညနေ ၄ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ဒေါ်တင်တင်၊ ၈၃ နှစ်၊ ကျွန်းတောလမ်၊ ရပ်ကွက်(၈) ကန်သာယာရပ်ကွက်နေသူပိုင်ဆိုင်သည့် နေအိမ်ရှေ့မျက်နှာစာရှိ ၁၀ ပေပတ်လည် ပျဉ်ကာဖက်မိုးဆိုင်ခန်းအလွတ်အတွင်းရှိ ဝါယာကြိုးများ အပူလွန်ကဲရာမှ ဝါယာကြိုးလျှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဒေါ်တင်တင်နေထိုင်သည့် ၁၅ ပေပတ်လည် ပျဉ်ကာဖက်မိုးနေအိမ် ၁ လုံး၊ ဒေါ်တင်တင်ပိုင်ဆိုင်သည့်နေအိမ်အရှေ့ မျက်နှာစာဆိုင်ခန်းအား ငှားရမ်းထားသည့် ၁၂ ပေပတ်လည် သွပ်မိုးအုတ်ကာဆိုင်ခန်း ၁ ခန်း၊ မီးစတင်လောင်ကျွမ်းသော ဒေါ်တင်တင် နေအိမ်ဘေးချင်းကပ်ရပ်ရှိ ဒေါ်ခင်ထွေး၊ ၅၆ နှစ်၊ ကျွန်းတောလမ်း၊ ရပ်ကွက်(၈)၊ ကန်သာယာရပ်ကွက်နေသူ ပိုင်ဆိုင်သည့် (၄၀x၄၅)ပေ သွပ်မိုးအုတ်ကာနေအိမ် ၁ လုံး၊ ဒေါ်ခင်ထွေး နေအိမ်ရှေ့တွင် ဖွင့်လှစ်ထားသော (၁၀x၁၁)ပေပတ်လည် သွပ်မိုး၊ အုတ်ကာ ဆိုင်ခန်း ၃ ခန်း၊ မီးကူးစက်လောင်ကျွမ်းသွားခဲ့ကြောင်း သိရှိရသည်။

ယင်း မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးပျက်စီးမှုတန်ဖိုးကို တွက်ချက်လျှက်ရှိ ကြောင်း၊ ဉပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်လှစ်ရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22433

PAN

KWN #SZ