ရွှေကျင်ဆေးရုံနှင့် ညောင်လေးပင်ဆေးရုံတို့အား အကြမ်းဖက် KNU/PDF သမားများက ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်


မေ ၉

ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၊ အရှေ့မြောက်(၂)မိုင်ခန့်ရှိ ရေဖြူကန် ကျေးရွာ အုပ်စု၊ အလယ်ကျူချောင်းကျေးရွာဘက်မှ KNU/PDF အကြမ်းဖက်သောင်းကျန်းသူများမှ လက်လုပ်ရှော့တိုက်ဒုန်း ၂ လုံးဖြင့် ညောင်လေးပင်မြို့ ထဲသို့ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်ရှိ ညောင်လေးပင် ပြည်သူ့ဆေးရုံဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုအသေးစိတ်အား စိစစ်နေဆဲဖြစ်ကြောင်း၊ ယခုလ ၅ ရက်နေ့ကလည်း ရွှေကျင်မြို့ရှိ ကုတင် ၁၀၀ ဆေးရုံဝန်းအတွင်းသို့လည်း အကြမ်းဖက်သမားများမှ လက်လုပ်ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး၊ အရှေ့ခြမ်းရှိ KNU/PDF အကြမ်းဖက်သမားများသည် အများပြည်သူနှင့်သက်ဆိုင်သော လမ်း၊ တံတား၊ လျှပ်စစ်ဓာတ်အားခွဲရုံများ၊ တာဝါတိုင်များ ၊ ဆက်သွယ်ရေးတာဝါများ၊ မီးရထားလမ်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ ဗုဒ္ဓဘာသာအဆောက်အဦးများ စေတီပုထိုးများအား ဖောက်ခွဲ ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလူစုခြင်း ဆတ်ကြေးကောက်ခံခြင်းတို့တွင် ၎င်းတို့အလိုကျ မပူးပေါင်းသူများအား ရဟန်းသံဃာပါမချန် ဒလန်ခေါင်းစဥ် တပ်၍ သတ်ဖြတ်ခြင်းတို့ကို နေ့စဥ်ဆောင်ရွှက်လျှက်ရှိပြီး အေးချမ်းစွာနေလိုသော ပြည်သူများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များအပေါ် ရွံရှာမုန်းတီးလျှက် ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22428?single

PAN

SZ