လိပ်သိုဒေသထွက် မရမ်းသီးခြောက်များ ဈေးနှုန်းမြင့်တက်နေ


(ပြည်တွင်း) မေ ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ မရမ်းသီးထွက်ရှိရာ ကျေးရွာများတွင် မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိနေချိန် မရမ်းသီးခြောက်များ ပြုလုပ် ရောင်းချခြင်းဖြင့် ဈေးကောင်းရရှိကာ အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။

မရမ်းသီးများမှာ ပေါ်ဦးစအချိန်တွင် ဈေးကောင်းရရှိခဲ့သော်လည်း ယခုအခါ ဈေးနှုန်းများ ကျဆင်းလာသဖြင့် မရမ်းသီးစိုက်ပျိုးထားသူ ဒေသခံများက မရမ်းသီးများကို အသီးအတိုင်း မရောင်းချတော့ပဲ ထက်ခြမ်းခွဲ၍ အခြောက်လှန်းကာ ပြန်လည်ရောင်းချလာ ကြသည်။

ယခင်လက မရမ်းသီးခြောက် တစ်ပိဿာလျှင် (၆၀၀ဝိ/-) ကျပ်အထိသာ ဈေးရရှိခဲ့သော်လည်း ယခုလတွင် မရမ်းသီးခြောက်တစ်ပိဿာလျှင် (၈၅၀ဝိ/-) ကျပ်အထိ ဈေးနှုန်း မြင့်တက်ရရှိလာသဖြင့် မရမ်းသီးအခြောက် ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိ သည်။

လိပ်သိုဒေသထွက် မရမ်းသီးခြောက်များကို ဒေသတွင်းသာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့ကြီးများသို့လည်း တင်ပို့ရောင်းချကြကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/22380

PAN

ZN #SZ