ရုရှားလက်နက်ကြီးတိုက်ခိုက်မှုကြောင့် ယူကရိန် ဓာတ်အားလိုင်းများ ပျက်စီး


မေ ၈

ရုရှားနိုင်ငံမှ ဒုံးကျည်များနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ယူကရိန်း၏ လျပ်စစ်မီးဖြန့်ဖြူးရေးလုပ်ငန်းများ ဆိုးဆိုးရွားရွားထိခိုက်မှုရှိခဲ့ကြောင်း ယူကရိန်းကဆိုသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူနေ့တွင် တိုက်ခိုက်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် ယူကရိန်းနိုင်ငံ၏ အရေးပါသည့် အဆောက်အဦး ဒါဇင်နှင့်ချီပျက်စီးခဲ့ပြီး သဘာဝဓာတ်ငွေ့ဆုံး ဓာတ်အားပေးစက်ရုံ (၃) ရုံပါပျက်စီးခဲ့ကြောင်းသိရသည်။

ရုရှားသည် ဒုံးကျည် ၅၅ စင်း ဒရုန်းနှင့် ၂၁ ကြိမ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ယူကရိန်း၏ စွမ်းအင်စနစ်အပေါ် ပိုမိုဖိအားဖြစ်ပေါ်စေခဲ့ကြောင်း ယူကရိန်းလေတပ်က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများတွင် Kyiv ဒေသတွင် လူနှစ်ဦး ဒဏ်ရာရခဲ့ပြီး Kirovohrad ဒေသတွင် တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews/22381

PAN

AMK #SZ