ယူနန်ပြည်နယ်က ဆေးရုံတစ်ရုံတွင် ဓားကိုင်အကြမ်းဖက်မှုကြောင်း ၂ ဦးသေဆုံးကာ ၂၀ ကျော်ဒဏ်ရာရ


မေ ၈

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်ရှိ ဆေးရုံတစ်ရုံတွင် ပြီးခဲ့သည့် အင်္ဂါနေ့တက ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူ ၂ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် Zhenxiong ခရိုင်ရှိ Chengnan ဆေးရုံတွင် အင်္ဂါနေ့ နေ့လယ်ပိုင်းမတိုင်မီ ဖြစ်ပွားခဲ့ကြောင်း ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာပိုင်များသည် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အပြည့်အစုံကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း သံသယရှိသူအမျိုးသား၏ ဒေသခံများထွက်ဆိုချက်အရ ပြစ်ဒဏ်ကျခံခဲ့ဖူးကြောင်းသိရသည်။

တရုတ်နိုင်ငံသည် သေနတ်ကိုင်ဆောင်ခွင့်မရှိသည့်နိုင်ငံဖြစ်သည့်အတွက် ဓားဖြင့်တိုက်ခိုက်မှုကြောင့်မကြာမကြာ ထိခိုက်သေဆုံးမှုဖြစ်စဉ်များ ဖြစ်ပွားလေ့ရှိသည်။

Telegram»…
https://t.me/positiveanglenews/22379

PAN

AMK #SZ